စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာအချို့မှာ အကြမ်းဖက်စစ်တပ်က PDF တွေ အလင်းဝင်ကြဖို့ ဆိုင်းဘုတ်တွေ လိုက်ကပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချောင်းဦးမြို့နယ်ထဲက မုံရွေး၊ ခင်မွန်၊ မြပုလဲ စတဲ့ကျေးရွာတွေမှာ နိုဝင်ဘာလ ၂၄ ရက် မနေ့ကစပြီး PDF တွေ အလင်းဝင်ဖို့ အကြမ်းဖက်စစ်ကောင်စီက ဆိုင်းဘုတ်တွေ လိုက်ကပ်နေတာဖြစ်ပါတယ်။
“မျက်နှာပြောင်တိုက်တယ်ပဲ ပြောရမှာပေါ့၊ သူတို့လိုက်ကပ်တဲ့ ကျေးရွာတွေမှာက သူတို့ကိုယ်တိုင်ပဲ တစ်ရွာဝင်တစ်ရွာထွက် မီးရှို့ဖျက်ဆီးခဲ့တာလေ၊ မြေပြင်မှာ ထိုးစစ်မဆင်နိုင်တော့ နောက်တစ်မျိုး ကြံစည်လာတာ၊ ကျေးရွာတွေမှာ ပျူစောထီးအမာခံတွေ ဖွဲ့ပေးပြီး ရွာသားအချင်းချင်း ရန်တိုက် ပျူတွေကို လက်နက် တပ်ဆင်ပေးပြီး အချင်းချင်းပြန်တိုက်ခိုင်းရာကနေ နောက်တဆင့် PDF တွေ အလင်းဝင်ဖို့ဆိုပြီး ပျူတွေကို ဆိုင်းဘုတ်လိုက်ကပ်ခိုင်းနေတာ”လို့ မုံရွာမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒါကလည်း ရုပ်ပြသက်သက်လုပ်တာ၊ လူကြားကောင်းအောင် အသံလွှင့်နေတာ၊ PDF မပြောနဲ့ အပြစ်မဲ့တဲ့ပြည်သူတွေကိုတောင် နည်းအမျိုးမျိုးနဲ့သတ်ဖြတ်နေတဲ့ မိစ္ဆာတွေက အသံကောင်းလွှင့်နေတာ ၊ပြီးရင် သူတို့မွေးထားတဲ့ပျူစောထီးတွေကို ရုပ်ပြပြီး PDF တွေအလင်းဝင်လာပြီဆိုတဲ့ သတင်းတွေ လုပ်ကြံဖန်တီးအုံးမှာ၊ လူမျိုးရေးဘာသာရေး လှည့်ကွက်ကို သုံးပြီးပြီ၊ အခုတခါ PDF တွေ အလင်းဝင်ဖို့ သူတို့ကပဲ သဘောထားကြီးတဲ့ပုံစံ သရုပ်ပြလုပ်တာ”လို့လည်း အဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
“အကြမ်းဖက်စစ်တပ်က ဆိုင်းဘုတ်လိုက်ကပ်ခိုင်းတယ်ဆိုတဲ့နေရာတွေကလည်း သူတို့ ပျူတွေစခန်းချထားတဲ့အနီးနားတဝိုက် ရွာတွေမှာပါပဲ၊ PDF အဖွဲ့ဝင်များ အလင်းဝင်လိုပါက ခင်မွန် မြပုလဲစခန်း သို့ ဆက်သွယ်ပေးပါရန်နဲ့ လှိုက်လှဲစွာကြိုဆိုပါသည်ဆိုတဲ့စာရေးထားပြီး ဆက်သွယ်ဖို့ ဖုန်းနံပတ် ၂ လုံးကိုဖော်ပြထားတာ”လို့ ခင်မွန်ကျေးရွာရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်က ဆိုပါတယ်။
အခုချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ကျဆုံးခန်းရောက်နေပြီဖြစ်သလို အကြမ်းဖက်စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း သွေးကွဲအောင်နဲ့ ဒေသခံ ရွာသားအချင်းချင်း သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်စစ်တပ်က လုပ်ဆောင်လာနေတာဖြစ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက မှတ်ချက်ပေးထားပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ်လိုက်ကပ်နေတဲ့ ဆိုင်းဘုတ်ပုံ
0 Shares:
You May Also Like
Read More

ကေတုမတီလေတပ်စခန်း တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီး ၂ဦး၊ ဗိုလ်ကြီး ၂ ဦးအပါ ၁၀ဦး သေဆုံး ဒရုန်းဂိုဒေါင် မီးလောင်ကာ Jet Fighter ၂ စီး၊ Y-8 ၁ စီး ထိခိုက်ပျက်စီး

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဖဲဝိုင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ် ၅ ချက် ပစ်ခံရပြီး နေရာတင် သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။
Read More

ကမ္ဘာကလေးများနေ့ အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲ အကြိုဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို သပိတ်ကော်မတီက ဆုချီးမြှင့်

စစ်ကိုင်းတိုင်းအတွင်း နိုဝင်ဘာ ၂၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာကလေးများနေ့  အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ တာဝန်ခံ နဲ့ တိုက်နယ် (၃) ပညာရေး တာဝန်ခံတို့ကြီးမှူးကျင်းပတဲ့ စွမ်းရည်ပြိုင်ပွဲ အကြိုပြုလုပ်ရာ ဆုရတဲ့ ကျောင်းသားကျောင်းသူတွေကို မုံရွာ-အမြင့်လမ်း သပိတ် ဦး‌ဆောင်ကော်မတီက သွားရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကသာတွင် စစ်သင်္ဘောများ၏ လုံခြုံရေးအတွက် ဗုံးကြဲမှုကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ ဘုရားစေတီများ ပျက်စီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း မင်္ဂလာပွဲအတွက် စခန်းတာဝန်ခံ တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးခဲ့ရာမှာ ဝေဖန်သူတွေ များပြားလာတာကြောင့် စခန်းတာဝန်ခံက ပြန်လည် တောင်းပန်စာ ထုတ်ပြန်လာပါတယ်။