တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၅ ရက်မှာကျရောက်တဲ့၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှာ မင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးဟာ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ မင်းအောင်လှိုင်ကဆိုပြန်ပါတယ်။
နေ့စဉ်စစ်ကြောင်းထိုး တစ်နိုင်ငံလုံးကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်က ဆွေ့ဆုံညှိုနှိုင်းဆွေးနွေးရေးကသာ အဖြေဖြစ်တယ်လို့ဆိုပြန်ပါတယ်။
နားလည်မှုလွဲမှားခြင်းနဲ့ပဋိပက္ခမှုများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကပြောပါတယ်။
ငြိမ်ချမ်းရေး လိုလားတယ်ဆိုတဲ့ စစ်ကောင်စီဟာ လက်တွေ့မှာတော့ မြေပြင်မှာလက်လွှတ်လိုက်ရတဲ့ တိုင်းရင်းသားဒေသတွေကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးတာ အင်အားဖြည့်တင်းတာ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ပြုလုပ်လျက်ရှိတာပါ။
0 Shares:
You May Also Like
Read More

ဒိုက်ဦး အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူများကို  အတင်းအဓမ္မ အလုပ်စေခိုင်းနေ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထာင်က နိုင်ငံရေး အကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက အလုပ်တွေကို အတင်း အဓမ္မစေခိုင်းနေပြီး အလုပ်မလုပ်ရင် တိုက်ပိတ်တာတွေကို လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ဆီက သိရပါတယ်။
Read More

ဖားဆောင်းမြို့တိုက်ပွဲအတွင်း KPLA- B 626 တပ်ခွဲ (၁) မှ ရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) က ရဲဘော် သော်ဇေယံဟာ ဖားဆောင်းမြို့တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခမရ (၅၉၁) မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာစံပြကျေးရွာရှိ စစ်ကော်မရှင်တပ် ခမရ (၅၉၁) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) ဆီက သိရပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ကားကို ရေးဘီးလူးအဖွဲ့ တိုက်ခိုက်ရာ စစ်သား ၃ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်(၈) လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကာင်စီကားကို တိုက်ခိုက်ရာ စစ်သား ၃ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။
Read More

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလော နှစ် ၃၀ ကြာပြီးနောက် KNU ထံ အလုံးစုံ ပြန်လည်ရောက်ရှိ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး - KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။