မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တည်ထောင်တာ ၃ လပြည့် အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့တာလို့ သိရပြီး လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက်ကျားတပ်ဖွဲ့နဲ့ ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း (၁) ပခုက္ကူခရိုင် တပ်ရင်း (၂) တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကိုတော့ မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၂ ခုမှ သမဂ္ဂကျောင်းသား၊ကျောင်းသူများ ပါဝင်ဖျော်ဖြေခဲ့သည့် ”အတာစိုးမယ့် တမာမိုးသံချပ်” (ရုပ်/သံ)

မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တက္ကသိုလ် ၁၂ ခုက သမဂ္ဂကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ဖျော်ဖြေခဲ့တဲ့ ''အတာစိုးမယ့် တမာမိုးသံချပ်'' ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

နတ်မောက်တွင် စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီး၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေ၊ စနိုက်ဘာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ၈ လေးလုံးထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင် (ရုပ်/သံ)

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ၈ လေးလုံးအထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မှတ်တမ်းဗီဒီယိုကို ရန်ကုန်လူထုသပိတ်က Facebook လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

အမရပူရမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်တဲ့အတွက် လူ ၂ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအနီးရှိ ကောင်းကောင်းနန်းတော်စားဥယျာဉ်လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ၁ ရက်တည်း စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ မြောင်-မြင်းမ-ချောင်းဦးလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၂ ကြောင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ ထံက သိရပါတယ်။