ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအတွက် အသွင်ယူသတင်းပေးနေတဲ့ ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခ​တ်ရှင်းလင်းခဲ့ကြောင်း Dragon Brothers (GBK-PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၃ရက်၊ မနေ့က နေ့လည်ပိုင်းမှာ ကြို့ပင်ကောက်မြို့နယ်၊ နဂါးနီရပ်ကွက်နေ ထွန်းမင်းစိုးဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဒေါင်းလူးရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ထွန်းမင်းစိုးဟာ ပျူစောထီးအပတ်စဥ် ၁ သင်တန်းဆင်းတစ်ယောက်ဖြစ်သလို စစ်ကောင်စီနဲ့ ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲ ခေါ်ဆောင်တာ၊ ဆိုင်ကယ်တွေကို ငွေညှစ်ဖမ်းဆီးတာတွေအပြင် အမှိုက်ကောက်သမားပုံစံ၊ ပိုက်ဆံတောင်းသူပုံစံတွေနဲ့ အသွင်အမျိုးမျိုးယူရင်း စစ်ကောင်စီအတွက် သတင်းထောက်လှမ်းပေးနေတာတွေကြောင့် အခုလို ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ Dragon Brothers (GBK-PDF )တာဝန်ရှိသူက ပြောပါတယ်။
“ထွန်းမင်းစိုးကို ကျနော်တို့ ဒေါင်းလူးရွာအနီးမှာ ရှင်းခဲ့ပါတယ်။ သေနတ်နဲ့တစ်ချက်ပဲ ပစ်ခဲ့တာပါ။ သူ့အချက်အလက်တွေက ရပြီးသားဆိုတော့ အေးအေးဆေးဆေးပါပဲ။ ရဲဘော်တွေလည်း ရှင်းပြီး စိတ်ချရတဲ့နေရာထိ ပြန်လာနိုင်ခဲ့ပါတယ်။ သူ့အလောင်းကိုတော့ မြို့ပေါ်က ပရဟိတကားနဲ့ လာသယ်သွားကြတယ်။ အဲ့နေရာတဝိုက်ကို စခနဲ့ရဲတွေရောက်လာပြီး မေးတာစမ်းတာရှိပေမယ့် ဖမ်းဆီးမှုတော့မရှိပါဘူး” လို့ Dragon Brothers (GBK-PDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ပဲခူးတိုင်းအတွင်း ကြို့ပင်ကောက်၊ အုတ်ဖို နဲ့ ပေါင်းတည်၊ ပေါက်ခေါင်း စတဲ့ မြို့နယ်တွေမှာ အခုနှစ် အစပိုင်းကစလို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဆိုသူတွေနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ သတင်းပေးဒလန် ပျူစောထီး အဖွဲ့ဝင်တွေ မကြာခဏ ဆိုသလို ပစ်ခတ်ရှင်းလင်းခံရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီနဲ့ မပတ်သက်ဖို့ တရားဝင် စာထုတ် သတိပေးတာတွေမျိုးတွေ ရှိပေမယ့် ထိထိရောက်ရောက် လိုက်နာသူနည်းတယ်လို့လည်း အင်အားစုတာဝန်ရှိသူတွေက ပြောပါတယ်။
“ပဲခူးတိုင်းအနောက်ခြမ်းက ပျူတွေ ၊ အုပ်ကြီးတွေက တော်တော်များတယ်။ အဖွဲ့တွေကလည်း ကိုယ်ထူကိုယ်ထနဲ့ လက်နက်ခဲယမ်း မပြည့်စုံကြတော့ အပြီးသတ်မရှင်းလင်းနိုင်ကြဘူး။ တချို့အုပ်ကြီးတွေ ပျူတွေဆိုရင် နှုတ်ထွက်ချင်ယောင်ဆောင်ပြီး လုပ်ကြတာတွေ များပါတယ်။ ကျနော်တို့ ကြို့ပင်ကောက်ဆိုလည်း ပျူရွာတွေ များတယ်။ မြို့ပေါ်ရော ရွာတွေမှာပါ ပျူစောထီးတွေက တော်တော်များပါတယ်။ ဒါကြောင့် ရှင်းမကုန်တာပါ။ မြို့သိမ်းနိုင်မှပဲ ရှင်းထွက်သွားမှာပါ။” လို့ Dragon Brothers (GBK-PDF) တာဝန်ရှိသူက ပြောခဲ့ပါတယ်။
ပုံစာ – ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီး ထွန်းမင်းစိုး
0 Shares:
You May Also Like
Read More

ပြည်ပသွားရောက် အလုပ်လုပ်ကိုင်မှုကို အရေအတွက်ဖြင့် ကန့်သတ်ကာ ပြည်တွင်းမှာလည်း ကြီးပွါးတိုးတက်နိုင်သည်ဟု မင်းအောင်လှိုင် ပြော

ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လိုသူ များပြားနေချိန် အကြမ်းဖက်စစ်ကောင်စီက လစဥ် အရေအတွက် အကန့်အသတ်နဲ့သာ ခွင့်ပြုပြီးတဲ့နောက် ပြည်တွင်းမှာသာ အလုပ်လုပ်ကြဖို့ အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုထားပါတယ်။
Read More

မွန်ပြည်နယ်ရှိ သထုံခရိုင် ပကဖ နှင့် PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်းထွက်ခွာ

မွန်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်း လက်အောက်ခံ ဗျူဟာ (၂၇) နဲ့ KNU သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေခံလှုပ်ရှားနေတဲ့ ပကဖတိုက်ခိုက်ရေးအဖွဲ့ အင်အားစုတွေကို စုစည်းပြီး ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)နဲ့ (၂) အဖြစ် ဖွဲ့စည်းကာ အထူးစစ်ကြောင်းပုံစံနဲ့ တာဝန်တွေ စတင်ထမ်းဆောင်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မုံရွာ GTC ရှိ အကြမ်းဖက်စစ်အုပ်စု နေရာများ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နည်းပညာတက္ကသိုလ်(GTC) ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်သွားသူတွေကို မုံရွာ ပလဖ တစ်ရက်အတွင်း ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်မှာ ဓားပြတိုက်လူသတ်ကာ ကားလုယူသွားသူတွေကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

အောက်တိုဘာလအတွင်း စည်းမျဥ်းဖောက်ဖျက်တဲ့ PDF နဲ့ ပကဖ (၆) ယောက်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေရာမှာ အောက်တိုဘာလအတွင်း PDF နဲ့ ပကဖ ရဲဘော် စုစုပေါင်း (၆) ယောက်ကို ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘိလပ်မြေစျေးတင်ရောင်းတဲ့ ဆိုင် ၆၀ ကို စစ်ကောင်စီက အရေးယူ

ဈေးကွက်အတွင်းမှာ ဘိလပ်မြေဝယ်လိုအား မြင့်တက်နေချိန် ဈေးတင်ရောင်းတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၆၀)ကျော်ကိုတည် ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။