စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်း၊ မင်းကန်ကြီး၊ တာဝတိံသာနဲ့ ထွေအုပ်ရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းကနေ ညနေပိုင်းအထိ အချိန် ၄ နာရီအတွင်း ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တစ်ပြိုင်တည်း ဝင်ရောက် ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေရှိရာ နေရာတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
၄ နာရီခန့် ကြာမြင့်ခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်မှုရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်း (၃၅) တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်၊တပ်ရင်း(၃၅) တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ တပ်စိတ် (၁) 5/Fighter group (Monywa)၊ ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့(Salingyi) ၊ G3 အောင်ကြီး(Salingyi) ၊ Royal Broher Forces၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊SPDF၊တောဘုရင်ဗိုလ်ယက္ခ၊ချင်းတွင်းကာကွယ်ရေး(CDF)၊Fighter For Fredy ၊ဒေါင်းသမာန်(GZ)၊ Eagle၊ မျိုးဆက်သစ် ၊ C.R.A မုံရွာ ၊အာဏာရှင်တော်လှန်ရေး၊ တောသားကြီး ၊ ဒုန်းမင်း ၊ တပ်ရင်း(၁၇)တပ်ခွဲ(၃) M.Y.F ၊ တပ်ရင်း (၁၇) တပ်ခွဲ (၄) G.N.B.F၊ တပ်ရင်း(၄)တပ်ခွဲ(၂)5/COMMANDO FORCF ၊ MONYWA UNDERGROUND FRCE MUGF ၊ တပ်ရင်း(၂၅)မုံရွာသံမဏိ တပ်ခွဲ ဗိုက်ကလေး၊ ဒေါင်းဖိုက်တာ၊ တပ်ရင်း(၂၃)တပ်ခွဲ(၂)ကျားညီနောင်၊ နောင်ကြီး အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်တွင် စစ်ကောင်စီ လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲ၊ PDF ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး ​

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုမှာ YPDF ပူးပေါင်းဆောင်ရွက်မည်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ye People Defense Force - YPDF) နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ဟာ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကမ္မဒေသရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ စစ်ရှောင်၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ စစ်ဘေး​ရှောင် ၂ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
Read More

မြစ်ဆုံစီမံကိန်းအား တမံဒီဇိုင်းပြောင်းကာ မဂ္ဂါဝပ်လျှော့ချပြီး ပြန်စမည်ဟု အကြမ်းဖက် ဒုခေါင်းဆောင် စိုးဝင်း ပြော 

ဆယ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို တမံဒီဇိုင်းနဲ့ အမျိုးအစား ပြောင်းလဲပြီး မဂ္ဂါဝပ်လျှော့ချကာ ပြန်လည်စတင်ဖို့ရှိတယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောလိုက်ပါတယ်။ စီမံကိန်း ပြန်စနိုင်ဖို့ တရုတ်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်သို့ လာရောက်မည်ဟု ဆို

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဧပြီလထဲမှာ လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။