ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက် ၊ ယမုံနာလမ်းက ပိတောက်ရိပ်စားသောက်ဆိုင်မှာ ဂတ်စ်အိုးပေါက်ကွဲတာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်အတွင်းက အမျိုးသား ၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိတယ်လို့ သာကေတမြို့မှာ နေထိုင်သူတွေဆီက သိရပါတယ်။
ဂတ်စ်အိုးတွေ တစ်လုံးပြီး တစ်လုံး ဆက်တိုက် ပေါက်ကွဲကာ မီးလောင်တာကြောင့် အနားကပ်လို့မရဘဲ မီးသတ်ကားတွေနဲ့သာ အဝေးကနေ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
“ဂတ်စ်အိုး ထပေါက်ပြီး မီးလောင်မှုဖြစ်တာ၊ နိုဝင်ဘာ ၂၃ ရက် ဒီနေ့ မနက် ၁၀နာရီလောက်ကပေါ့၊ ပိတောက်ရိပ် စားသောက်ဆိုင်မှာဖြစ်တာ၊ ဘေးအနီးကပ်မှာက ဂတ်စ်အိုးဆိုင်ရှိနေတော့ မီးကူးလောင်ပြီး ဂတ်စ်ဆိုင်ထဲကညဂတ်စ်အိုးတွေ တစ်လုံးပြီးတစ်လုံး ထပေါက်ကွဲလို့ အနားမကပ်ရဲကြအောင်ဖြစ်ခဲ့တာ” လို့ သာကေတမြို့နေ ပြည်သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“မီးလောင်မှု ဖြစ်ပွားပြီး ၁၅ မိနစ်လောက်အကြာမှာ သာကေတမြို့နယ်က မီးသတ်ကားတွေ ရောက်လာတာ၊ မီးသတ်ကား ၃ စီးနဲ့ မီးငြိမ်းသတ်လို့ မီးညွှန့်ကျိုးပြီး မီးလောင်မှုကို ထိမ်းသိမ်းနိုင်ခဲ့တယ်၊ မီးလောင်ကျွမ်းမှုအတွင်း အလုပ်သမား ၂ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ ၃ ယောက်လောက် ရှိတယ်” လို့လည်း အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။
မီးလောင်မှုမှာ ဒဏ်ရာရရှိသူတွေကို ရန်ကုန်မြို့မှာရှိတဲ့ လူမှု့ရေးပရဟိတအဖွဲ့တွေက အချိန်မီ ဆေးကုသပေးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့သလို ပရဟိတအသင်းအဖွဲ့ ၆ ဖွဲ့လောက် ကယ်ဆယ်ကူညီရေး လုပ်ဆောင်ပေးခဲ့တယ်လို့လည်း ရန်ကုန်ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
ပုံစာ – ပိတောက်ရိပ်စားသောက်ဆိုင် မီးလောင်မှု…
0 Shares:
You May Also Like
Read More

အာဆီယံအနေဖြင့် NUG နှင့် တိုင်းရင်းသားမဟာမိတ်များ ဖော်ဆောင်နေသည့် နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့ပေးရန် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် ပြောကြား

အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ထောက်ပံ့မှုပေးဖို့အတွက် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

ငဖဲတွင် စစ်ကောင်စီတပ်သားများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ဦးသေ၊ MA 1 သေနတ် ၁လက်နှင့် ကျည်ဘောက်များ ACDF ရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပြောက်ကျားတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး MA1 သေနတ် ၁ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက မောင်းကို ပြောပါတယ်။
Read More

မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သား ၁ ယောက် မြစ်ခြေ – ကျွန်းချောင်း ပကဖ ဆီ လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းနဲ့အတူ မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့လာခဲ့တယ်လို့ MC – KC DF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ ဆင့်ခေါ်မှုအပေါ် ပြည်ပရောက် မြန်မာလုပ်သားတွေ ငြင်းဆို

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းရေးအတွကိ ညွှန်ကြားစာ ထုတ်ပြန်ခြင်းနဲ့ ကတိကဝတ် စာချုပ်လက်မှတ် ရေးထိုးခိုင်းခြင်းတွေ လုပ်ဆောင်နေပေမယ့် ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူတွေကတော့ ပြန်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။