မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေရာ ဓာတုဗုံးတွေလည်း ပါဝင်ကြောင်းနဲ့ အရပ်သား၁ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၂ရက် ဒီနေ့မနက်ပိုင်းကစလို့ မတ္တရာမြို့နယ် အနောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
“ဟုတ်တယ် ဒီမနက်ခင်း ၄နာရီလောက်ကတည်းက မာရပင်တောပုရွာဘက်မှာ စဖြစ်တာပါ။ ပြီးတော့ဆောက်ခြုံပေါက်ဘက်မှာလည်း ဖြစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အသာစီးရနေပြီး စစ်ကောင်စီဘက်က အသေအဆုံးများလို့ အလောင်းတွေကို မတ္တရာမြို့ထဲ ပြန်သယ်နေကြပါတယ်။” လို့ Voice Of Mandalay တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွက် မန္တလေးနန်းတွင်း လက်ရုံးတပ်စစ်သည်တွေကို တပ်ကူပို့ဆောင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့လည်း Voice Of Mandalay က ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့လေကြောင်းပစ်ကူပေးခဲ့သလို မတ္တရာမြို့ ဘောလုံးကွင်းထဲကနေ ဟောင်ဝစ်ဇာ အပါအဝင် ၁၂၀မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီက မြို့အနောက်တောင်ဘက်အခြမ်းမှာရှိတဲ့ စိန်ပန်းကုန်းရွာအနောက်ဘက်ကို တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အမျိုးသား၁ယောက်သေဆုံးပြီး ကလေးငယ်၁ယောက် အပါအဝင် ၂ယောက်ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားကြောင်း Wetlet Informational Network က ပြောပါတယ်။
စစ်ကောင်စီက စိန်ပန်းကုန်းရွာနဲ့ သဲကုန်းရွာတွေကို ဂျက်ဖိုက်တာနဲ့ ပေါင်၅၀၀၊ ပေါင်၂၀၀ ဗုံးတွေအပြင် Missle ဒုံးတွေ၊ ဓာတုဗေဒအဆိပ်ဗုံးတွေပါ အသုံးပြုခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အဆိပ်ငွေ့သင့်ပြီး အော့အန် မေ့မျောတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တေီဆီက သိရပါတယ်။
ဓာတု အဆိပ်ဗုံးတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် စစ်ကောင်စီအနေနဲ့ပြီးခဲ့တဲ့ ဧပြီလတုန်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲမှာလည်း ဓာတုအဆိပ်ဗုံးတွေသုံးပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် ဒီနေ့ညနေပိုင်းမှာလည်း မတ္တရာမြို့အနောက်ခြမ်းက ဆောက်ခြုံပေါက်ရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက်နေ့ကလည်း မတ္တရာမြို့ အနောက်ခြမ်း ဆောက်ခြုံပေါက်ကျေးရွာနားမှာ ဗိုလ်မှူး ကျော်ဇေယျ ( ခမရ ၇၀၁) က ဦးစီးတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ယောက်သေဆုံးကာ သေနတ် ၉လက်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန်ထားပါသေးတယ်။
MDY PDF နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ မတ္တရာမြို့နယ်အတွင်းက စစ်စခန်းတွေနဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာ​ဖြစ်ပြီး နိုဝင်ဘာ ၉ရက်နေ့ကစလို့ မြို့နယ်အနောက်ခြမ်းကို ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
အခုနှစ် နိုဝင်ဘာလတစ်လတည်းကိုပဲ မတ္တရာမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ အကြိမ် ၃၀ထက်မနည်းရှိထားပြီး တစ်မြို့နယ်လုံးမှာပြည်သူ ၆ ထောင်​နီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဥ်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဧည့်စာရင်းနှင့် လုံခြုံရေးအကြောင်းပြကာ လူငယ်လူရွယ်များကို အဖမ်းအဆီး ကြမ်းပြနေသည့် ရန်ကုန်

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို အင်အားသုံးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီး ထုတ်ပြန်လာပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသမှာ ပြဇာတ်နဲ့ လူထုဟောပြောပွဲ ပြုလုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား" ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း စစ်ကောင်စီက အပြင်းအထန် လေကြောင်းဗုံးကြဲနေလို့ တော်လှန်ရေးတပ်တွေ ယာယီဆုတ်ခွါပေးထားရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ကာ မြို့ကိုထိန်းချုပ်ဖို့ ကြိုးစားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယာယီပြန်လည်ဆုတ်ခွါပေးထားရတယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးမြှင့်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။
Read More

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ မြို့တွင်းမှာပိတ်မိနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ KIA နဲ့ စစ်ကောင်စီတို့ရဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်  ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ ပိတ်မိနေတယ်လို့  ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။