မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်းက အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ် အဆင့်ရှိသူအပါအဝင် ၂ယောက်သေဆုံးပြီး ၃ယောက်ထိခိုက် ဒဏ်ရာရခဲ့ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
မနေ့က နိုဝင်ဘာ ၂၁ရက် ညပိုင်းမှာ ဆော-ဆိပ်ဖြူလမ်းပိုင်း၊ ဆိပ်ဖြူမြို့အနီးက အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အလစ်ငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မနေ့ည ၁၂နာရီမှာ ဝင်ပစ်တာပါ။ မြို့နဲ့နီးတဲ့ဂိတ်မို့ မီးတော့ရပါတယ်။ အလစ်ငိုက်ဝင်ပစ်ရင်း မီတာ တစ်ရာအကွာမှာ အပြန်အလှန်ပစ် ခတ်မှုဖြစ်ကြပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာဘူး။ သူတို့ မီးဖျက်လိုက်တော့ ဘာမှမမြင်ရတော့ပါဘူး။ ပြီးတော့ ဆိပ်ဖြူမြို့ထဲကနေ စစ်ကူကားသုံးစီးတန်း တက်လာလို့ သေနတ်တွေလည်း မကောက်နိုင်ဘဲ ပြန်ဆုတ်ခဲ့ရပါတယ်။” လို့ Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီစစ်ဆေးရေးဂိတ်ဟာ ဆော-ဆိပ်ဖြူလမ်းပိုင်းပေါ်က ဖြတ်သန်းသွားလာနေတဲ့ အရပ်သားကားတွေကို ဆက်ကြေးသဘောမျိုး အခွန်​ကောက်ခံနေတာဖြစ်ပြီး အခုလို အနီးကပ် ဝင်ရောက်တိုက်ခိုက်နိုင်ဖို့ အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့လည်း အထက်ပါတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုတွေက ဂိတ်ပတ်ဝန်းကျင်အနီးအနား တပ်အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကြပ် စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၁၉တပ်ရင်း ဆိပ်ဖြူဘာမထီတပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နဲ့ ဆိပ်ဖြူအနောက်ပိုင်းဇုန် ၁ ပကဖ ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပုံစာ – တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ဆော-ဆိပ်ဖြူလမ်းပိုင်း စစ်ဆေးရေးဂိတ်
0 Shares:
You May Also Like
Read More

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံး လုပ်ဆောင်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဇွန်လ နောက်ဆုံးအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားနှင့် ရဲ ၂၃ ဦး အလင်းဝင်လာ၊ စစ်သုံ့ပန်းအဖြစ် ၄၀ ဦးကို ဖမ်းမိ

ပြီးခဲ့တဲ့ ဇွန်လ စတုတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား နဲ့ ရဲ ၂၃ ယောက် အလင်းဝင်လာပြီး စစ်သုံ့ပန်းအဖြစ် အယောက် ၄၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူကို ပြန်သတ်နေသည့် စစ်တပ်က NLD ဖျက်ဆီးခဲ့သည့် ဒီမိုကရေစီလျှောက်လမ်းကို ပြန်တည်ဆောက်နေခြင်းဖြစ်ဟု ဇော်မင်းထွန်း ပြော၊ ရွေးကောက်ပွဲအတုကို မည်သူမှ နှောင့်ယှက်လို့မရဘူးဟု ကြုံးဝါး

အာဏာသိမ်းစစ်တပ်က လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဘယ်သူမှ နှောင့်ယှက်လို့မရဘူးလို့ စစ်တပ်ရဲ့ ရှေ့ထွက်ပြောကြားသူ ဇော်မင်းထွန်းက ကြုံးဝါးလိုက်ပါတယ်။
Read More

ဒဏ်ရာရပြည်သူတွေကို ခွဲစိတ်ကုသပေးနေချိန် ဆေးပေးခန်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးသီးအလုံးရေ ၇၀ နီးပါး ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နေ့စဥ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ၊ စစ်ကောင်စီ စစ်ကြောင်းမှူး သေဆုံးကာ အထိနာ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်းကြောင်းလေကြောင်းထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။