ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၀ရက် ညနေ ၅နာရီလောက်မှာ ငလျင်လှုပ်ခတ်မှုဖြစ်ခဲ့ပြီး စေတီစိန်ဖူးတော် ကျိုးကျပျက်စီးခဲ့တာဖြစ်ပါတယ်။ ဖျာပုံ၊ မအူပင်၊ ကော့မှူးမြို့နယ်တွေထဲမှာ ရစ်ချ်တာစကေး (၄.၉) ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ၃ကြိမ်တိတိ လှုပ်ခတ်သွားခဲ့တာလို့လည်း သိရပါတယ်။
“ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစိန်ဖူးတော် ကျိုးကျပြီး မြေခသွားတယ်။ အခြားမြို့နယ်တွေမှာလည်း ငလျင်လှုပ်ခတ်တာတွေ ဖြစ်ပေါ်တယ်လို့ကြားရတယ်။ ကျိုက်ထော်ဘုရားလမ်းက တိုက်အိမ်တစ်လုံးလည်း နံရံပြိုကျပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်” လို့ ကျိုက်ထော်ကျေးရွာ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ခေတ်ဆိုးစနစ်ဆိုးအောက်မှာ ရေကြီးမှု၊ မီးလောင်မှုနဲ့ ငလျင်ဒဏ်တွေကို ခံစားနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့ကလည်း မအူပင်မြို့က ရွှေဘုန်းမြရ်ဘုရား ငလျင်လှုပ်ခတ်မှုကြောင့် စိန်ဖူးတော် မြေခခဲ့ရပါသေးတယ်။
ပုံစာ – ငလျင်ဒဏ်ကြောင့် ကျိုက်ထော်စေတီ စိန်ဖူးတော် မြေခခဲ့ပုံနဲ့ နေအိမ်တစ်ခုရဲ့ နံရံပြိုကျခဲ့ပုံ
0 Shares:
You May Also Like
Read More

အသံတိတ်သပိတ် ပါဝင်ဆင်နွှဲနေသည့် မန္တလေး (ဓာတ်ပုံသတင်း)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲနေကြတဲ့ မန္တလေးမြို့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ မြို့ခံတွေ ပေးပို့လာတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကနေ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - GSCB
Read More

မြင်းခြံ – နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းဆုတ်လာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး စစ်ကြောင်းမှူးအပါ ၁၃ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးအပါအဝင် စစ်သား ၁၃ယောက် သေဆုံးကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ကျွန်းလှမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို အခုစက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

KNDF အမှတ် (၁၂)တပ်ရင်းမှ ရှေ့တန်းရောက် ရဲဘော်များကို ကျည်ကာ အစုံ (၅၀) ၀ယ်ယူတပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမှတ် (၁၂)တပ်ရင်းက ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတဲ့ရဲဘော်တွေအတွက် အသက်ကို ကာကွယ်နိုင်ဖို့ အထိအခိုက် နည်းစေဖို့အတွက် ကျည်ကာ အစုံ (၅၀)ကို ၀ယ်ယူတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။