အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၂၈ရက်က ကျင်းပစဉ် ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်း၀င်ခိုင်သန်းက ထည့်သွင်းပြောကြားလိုက်တာပါ။
စစ်ရေး၊ နယ်မြေစိုးမိုးရေး ဖော်ဆောင်မှုဟာ တော်လှန်ရေးအင်အားစုအားလုံး ပူးပေါင်းလုပ်ဆောင်ဖို့ ပထမဦးစားပေးလုပ်ငန်းဖြစ်ပြီး စစ်ရေးဖော်ဆောင်မှုတွေကို အရှိန်မြှင့်မယ်လို့လည်း ဆိုပါတယ်။
တိုင်းပြည်အာဏာကို မတရားတဲ့နည်းနဲ့ ပြည်သူ့လက်ထဲက လုယူဖို့ ကြိုးပမ်းနေသူတွေအတွက် အခု ICC ဖြစ်စဉ်ဟာ အာဏာရှင်တွေအတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်တယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။
ဒါ့ကြောင့် တစ်ဖက်မှာလည်း အရေးကြီးဆုံးဖြစ်တဲ့ စစ်ရေး ၊ နယ်မြေစိုးမိုးရေး ဖော်ဆောင်မှုကို တော်လှန်ရေးအင်အားစုတွေအားလုံး ပူးပေါင်းပြီးလုပ်ဆောင်နိုင်ဖို့ ကြိုးစားကြရမယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှာ ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေက နို၀င်ဘာလ ၂၇ရက်နေ့မှာ စတင်လျှောက်ထားလိုက်ပြီ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ယောက်အပါအဝင် စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းတပ်သား ၂ ဦး တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း တပ်သားသစ် ၂ယောက် အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) က ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

ရွှေတောင်တွင် စစ်တပ်နှင့်ပေါင်းပြီး လူငယ်များကို ဖမ်းဆီးငွေရှာနေသူများနှင့် စိုက်ပျိုးရေးဘဏ်မန်နေဂျာအား ပကဖ သတိပေး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် စစ်တပ်ဆီ ရောင်းစားငွေညှစ်နေသလို စိုက်ပျိုးရေးဘဏ်မန်နေဂျာဆိုသူကလည်း မိုးစပါးချေးငွေမပေးနိုင်သေးတဲ့ လယ်သမားတွေအပေါ် အတင်းအကြပ် ခြိမ်းခြောက်နေကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေး ပိုမိုထိရောက် အားကောင်းစေဖို့ MLA နဲ့ အလုံးစုံ ပူးပေါင်းလိုက်တဲ့ MSRO

မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) ဟာ သူတို့ရဲ့ တပ်ဖွဲ့ကို ဖျက်သိမ်းပြီး မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) နဲ့ ပူးပေါင်းကာ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်လာပါတယ်။ 
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တရုတ်နဲ့ ထိုင်း ကြားခံဝင်ရောက်လာတဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးက စစ်ကောင်စီအတွက် အသက်ရှူပေါက်ဖြစ်နေ

တရုတ်နဲ့ထိုင်းဟာ မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား ဝင်ရောက်ညှိုနှိုင်းစေ့စပ် ဆွေးနွေးပေးနေတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။