ပွင့်ဖြူမြို့နယ် ကျွဲခြံ/လယ်မရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မင်းဘူးခရိုင် အမှတ်(၄) တပ်ရင်းက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း မောင်းကို အတည်ပြုပြောဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က မင်းဘူးခရိုင် တပ်ရင်းအမှတ်-၄ ကထောင်ထားတဲ့ ရှေ့ထွက်မိုင်းကွင်း မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့သလို 40mm/60mm/81 mm များနှင့် ဒရုန်း-အီနာဂါ ဗုံးသီးများချကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်(၄) တပ်ရင်း Dragon Warrior အပါအဝင် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်ဂူတိုက်နယ်‌ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ အဆိပ်ငွေ့ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DPLA ထုတ်ပြန် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်း အကြမ်းဖက်စစ် ကောင်စီက အဆိပ်ငွေ့ဗုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်၏ ဖလမ်းတပ်ကုန်း မြေအောက်လှိုဏ်ဂူ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်ကို လမ်းဖောက်မယ်

ရန်ကုန် PDF နဲ့ ရန်ကုန် ပကဖ တို့ အတူတကွ ဟန်ချက်ညီညီ ဆောင်ရွက်ကြမယ့် ရန်ကုန်သို့ လျှောက်သောလမ်း "Road to Rangoon" Campaign ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ စတင်တော့မှာဖြစ်ပါတယ်။ 
Read More

နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံနဲ့ ကနားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၄ လုံးစီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာထဲက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက်‌သေ (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။