မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က ရှမ်းတဲလေတပ်စခန်းအပါအဝင် တပ်မ ၉၉ဌာနချုပ်တို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက  မြို့နယ်အတွင်းအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတွေဆီကသိရပါတယ်။

စစ်တပ်မြို့လို့ နာမည်ကြီးတဲ့ မိတ္ထီလာမှာ အဓိက လေတပ်စခန်းနဲ့ တပ်မဌာချုပ်တွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးအာဏာပိုင်ဆိုသူတွေက မိတ္ထီလာအရှေ့ပိုင်း ​ကျေးရွာတွေမှာ အရပ်သားတွေကို တရစပ် ဖမ်းဆီးရင်း ဖိအားပေးငွေတောင်းရမ်းတာတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၄ရက်နေ့ကလည်း မိတ္ထီလာမြို့နယ်၊ ကံကြီး ကျေးရွာအုပ်စု၊ အုတ်ဖို ကျေးရွာနေ အသက် ၃၆နှစ်အရွယ် အမျိုးသား၁ယောက်ကို ကျေးရွာ အာဏာပိုင်ဆိုသူတွေက ထိုအမျိုးသား လယ်ထွန်နေချိန်မှာ မတရား ဝင်ရောက်ဖမ်းဆီးပြီး ခမရ ၁၁၃ မိတ္ထီလာ စစ်သားစုဆောင်းရေးတပ်ထဲ အတင်းအကြပ် ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

အခုလို ဖမ်းဆီခံရတဲ့သူတွေကို ပြန်လည်ရွေးယူမယ်ဆိုရင် ကျေးရွာအာဏာပိုင်ဆိုသူတွေကို ငွေကျပ်သိန်း၅၀အထိ အနည်းဆုံးပေးရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလိုမျိုး ဖမ်းဆီးမှုတွေက စစ်မှုထမ်းအတွက်ဖြစ်သလို တော်လှန်ရေးတပ်တွေရဲ့စစ်ရေးဖော်ဆောင်မှုအတွက်လည်း အဟန့်အတားဖြစ်အောင် လုပ်ဆောင်တာ” လို့ မိတ္ထီလာ ပကဖ ဒုတာဝန်ခံ ကိုမိုက်ကယ်က ပြောပါတယ်။

“ကျနော်တို့ ဒရုန်းမစ်ရှင်ပြီးတဲ့နောက်ပိုင်း မြို့ပေါ် မှာ မာရှယ်လောထုတ်ထားသလိုမျိုး ၉နာရီနောက်ပိုင်း လူတွေမထွက်ကြတော့ဘူး။ တကယ်က မာရှယ်လော မထုတ်ထားပါဘူး။ ဒါပေမယ့် ၉နာရီကျော်ရင် လူတွေ ပေါ်တာဆွဲခံရတယ်။ ပြန်မလွတ်ကြဘူးလို့သိရတယ်​ပေါ့။ ဆွဲသွားတဲ့သူတွေကို ခမရ ၁၁၃ ထဲ ထည့်ထားတယ်လို့လည်း ကြားပါတယ်။ ပြန်ရွေးမယ်ဆိုလည်း သိန်း၅၀လောက် အနည်းဆုံးပေးရတယ်ပေါ့။” လို့ မိတ္ထီလာပကဖ ဒုတာဝန်ခံ ကိုမိုက်ကယ်က မောင်းကိုပြောပါတယ်။

သူကပဲ ဆက်လက်ပြီး “မိတ္ထီလာက တပ်မြို့ဖြစ်တဲ့အတွက် စစ်တပ်အသိုင်းဝိုင်းတွေ မဘသတွေများပါတယ်။ ဒါပေမယ့် အခုဖြစ်ခဲ့တဲ့ ဒရုန်း​အ​ခြေအနေပြီးတဲ့နောက်ပိုင်းမှာ အတော်လေးတုန်လှုပ် ခြောက်ခြားနေကြတယ်ပေါ့။ အရပ်သားတွေကလည်း ကျနော်တို့တော်လှန်ရေးအင်အားစုတွေကို အတော်လေး အားပေးလာကြပါတယ်။” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ရက်၊ မနက်အစောပိုင်းမှာ မိတ္ထီလာရှမ်းတဲလေတပ်ဝန်းထဲက လေကြောင်းအတတ်သင် အရာရှိအိမ်ရာ၊ ခဲယမ်းသိုလှောင်ရုံ၊ လထခ အရာရှိရိပ်သာ (လေကြောင်းထုတ်လုပ်)နဲ့ တပ်မ (၉၉ ) ဌာနချုပ်တွေဆီ အသေခံဒရုန်း ၂၄ စီးအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၈စီး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်ခံရမှုကြောင့် စစ်လေယာဥ်တွေနဲ့ ထုတ်လုပ်ရေးအဆောက်အအုံတွေအပါအဝင် အရာရှိဆိုသူတွေ ထိခိုက်ခဲ့ပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူတွေလည်း တာဝန်ပေါ့လျော့မှုနဲ့ နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် ဘေးကင်းလုံခြုံရေး ကမ်ပိန်း ပြုလုပ်နေဟု ဒေါက်တာဇော်ဝေစိုး ပြော

နိုင်ငံတစ်ဝန်း ထိန်းချုပ်နယ်မြေတွေက ကျောင်းပေါင်း ၆ ထောင်ကျော်မှာရှိတဲ့ ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး” ကမ်ပိန်း ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်း ပြုလုပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ က ဦးဆောင်ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံ ရပ်ရွာလူထုကို သင်တန်း ပို့ချခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုကို ထပ်မံ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၄ လုံး ထိမှန်ပျက်စီး

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမြို့တောင်ပိုင်း စစ်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးဒဏ်ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများ ပကဖ ဆောင်ရွက်နေ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး(ပ.က.ဖ) အဖွဲ့တွေဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ရေး နဲ့ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။