ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ (၁၈) ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နယ် လုံစံကျေးရွာကို နိုဝင်ဘာလ (၁၆) မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၂ )နှစ်အရွယ် ကလေးငယ် (၁) ယောက် သေဆုံးပြီး အရပ်သား (၃) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်ကလည်း နောင်ချိုမြို့အတွင်း စစ်ကောင်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်း (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် အမျိုးသား (၄) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သည်တော်များ၏ ဖိအားပေး နှုတ်ထွက်ခိုင်းမှုအား နှုတ်ထွက်မည့်အစား အသေခံမည်ဟု သမ္မတ ဦးဝင်းမြင့် တုံ့ပြန်ခဲ့

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်အရာရှိ ၂ယောက်က ကျန်းမာရေးအကြောင်းပြ နှုတ်ထွက်ခိုင်းပေမယ့် ဦးဝင်းမြင့်က သူ့အနေနဲ့ ကျန်းမာရေးကောင်းမွန်တာကြောင့် နှုတ်မထွက်နိုင်ကြောင်း၊ နှုတ်ထွက်မယ့်အစား အသေခံမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း ထိခိုက်သွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်အနုပညာရှင် မင်းမော်ကွန်း၏ ဖြတ် ရုပ်ရှင် ကနေဒါမှာ ပြသ (ဓာတ်ပုံသတင်း)

အာဏာသိမ်း စစ်ကောင်စီကို အနုပညာအားနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ဖြတ် ရုပ်ရှင်ပြပွဲကို မတ်လ ၁၅ ရက်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ BCIT မှာ ကျင်းပခဲ့ပါတယ်။
Read More

ပုလဲမြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်း ငလျင်ကြီး လှုပ်ခတ်မှု ၅ လကျော်လာချိန် Sky Villa အတွင်းမှ ရုပ်အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးဟာ ၅ လကျော်လာချိန် စက်တင်ဘာ ၈ ရက် ဒီနေ့မှာ မန္တလေးမြို့ရှိ Sky Villa အဆောက်အအုံကနေ ရုပ်အလောင်း ၁ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။