ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကဗိုလ်သင်တန်း‌ကျောင်းမှာ စစ်တပ်​ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရက္ခိုင့်တပ်တော် AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က KIA ဌာနချုပ်ရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်း ကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA က ဗိုလ်လောင်း ၈ ယောက်နဲ့ ကျန်တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်လောင်း ၁၅ ယောက် စုစုပေါင်း၂၃ ယောက် ကျဆုံးခဲ့တာပါ။

တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရတဲ့ ကျဆုံးရဲဘော်တွေကို အမြဲတမ်းသတိရနေမှာဖြစ်သလို ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ဘူးလို့ AA က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကျဆုံးရဲဘော်တွေရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို စစ်ရေး၊ နိုင်ငံရေးအခြေအနေပေါ် မူတည်ကာ နှစ်တိုင်း ပြုလုပ်ခဲ့ပြီး အခုနှစ်မှာလည်း အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြီးခဲ့သည့်ရက်က တိုက်ခိုက်ခံခဲ့ရသော ကံတလူတိုးဂိတ်ကို လာရောက်စစ်ဆေးသည့် စစ်တပ်အရာရှိကားတန်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

တော်လှန်ရေးတပ်များ မကြာသေးခင်ကမှ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးက ကံတလူတိုးဂိတ်ကို လာရောက်စစ်ဆေးတဲ့ စစ်တပ်အရာရှိပါတဲ့ ကားတန်းကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ကံတလူ(တိုးဂိတ်) စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းကစလို့ အကြမ်းဖက်စစ်တပ်က ပြန်လည်ဝင်ရောက်နေတာဖြစ်ပြီး အရင်လို အရပ်သားကားတွေဆီက ဆက်ကြေးကောက် ငွေညှစ်တာတွေ ပြန်လည်လုပ်ဆောင်နေတာပါ။
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ရှမ်းတောင်နဲ့ ကရင်နီဒေသက အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ PNO က ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေဟု BWCI အစီရင်ခံစာမှာ ဖော်ပြ

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီဒေသက အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများကို  ပအိုဝ်းပြည်သူ့စစ် (PNO) မှ လုပ်ဆောင်လာတယ်လို့ Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာ တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။