မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက စတင်ပြီး တွင်းငယ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကနေ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ပြီး မြေပြင်ထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ရေညာဦးရွာကို ဗုံး ၁ လုံးနဲ့ ကျောက်ဖြူရွာကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ရေညာဦးရွာနေ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဗုံးစထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှတ်တမ်း (ရုပ်/သံ) 

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA နဲ့ အင်းလေး PDF တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Battalion 1009:Inle People's Defence Force-IPDF က ထုတ်ပြန်ထားပါတယ်။
Read More

လေးကေ့ကော်မြို့နယ် စွယ်တော်ကုန်းတိုက်ပွဲမှာ အသက်ပေးလှူသွားတဲ့ Cobra Column 2 VENOM ရဲဘော်သောင်းလှအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် သောင်းလှကျဆုံးခဲ့ရတယ်လို့ Cobra Column 2 VENOM ထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ ရဲဘော်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို ရိုးမခေါ်သံ ၂ က ထုတ်ပြန်ပြသထားပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတွေကို ၅ ရက်တာ တိုက်ခိုက်မှု စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာ တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ ဂိတ်စခန်းတွေကို ၅ ရက်တာအတွင်း ဒရုန်းနဲ့ ၅၂ ကြိမ် ဗုံးသီးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Dragon Squad - TNI ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့ပေါ်မှာ စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြိုပေါ်ရှိ အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာတွေမှာ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။