စစ်တပ်က အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေရဲ့ နေအိမ် တစ်သိန်းကျော်ကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ မေလ ၁ ရက်ကနေ ၂၀၂၄ ဩဂုတ်လ ၃၁ ရက်အထိ စစ်ကောင်စီတပ်နဲ့ သူ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၁,၄၇၄ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ဒီနေ့အထိ ထပ်မံမီးရှို့ဖျက်ဆီးခံရတဲ့ စာရင်းတွေ မပါဝင်သေးပါဘူး။

အစီရင်ခံစာမှ အရေးကြီးအချက်များ စာမျက်နှာ

ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ လက်ရှိ နိုဝင်ဘာလတွေမှာလည်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု အမြောက်အမြား ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

စစ်အာဏာသိမ်းမှု ၃နှစ်ကျော်အတွင်း မီးလောင်ပျက်စီးမှုတွေဟာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး ၇၃,၃၅၁ လုံး မီးရှို့ဖျက်ဆီးခံရကာ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရေအတွက်ရဲ့ ၆၉ ရာခိုင်နှုန်းအထိ ရှိပါတယ်။

မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာလည်း အရပ်သားနေအိမ် ၂၆,၈၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဖော်ပြထားပါတယ်။

မီးရှို့ဖျက်ဆီးခံရမှုတွေဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ ရည်ရွယ်ရှိရှိ နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး လက်နက်ကြီးနဲ့ပစ်တာတွေ၊ လေကြောင်းကနေတိုက်ခိုက်တာတွေကြောင့် မီးလောင်ဆုံးရှုံးထားရတဲ့ နေအိမ်အရေအတွက်တွေကိုလည်း ထည့်သွင်းထားခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

KIA ၊ AA ၊ BPLA နဲ့ KPDF တို့ တက်ရောက်ခဲ့တဲ့ ABSDF အမှတ် ၂ စစ်ကြောင်းရဲ့ ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနှင့် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ ABSDF အမှတ် - ၂ စစ်ကြောင်းမှာ (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနဲ့ အမှတ်စဉ် (၂/၂၀၂၅) အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက်က ကျောင်းသားတပ်မတော် အမှတ် ၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုများကြား ကလေးငယ်များကို ကယ်ထုတ်ပေးခဲ့သည့် ရဲဘော် မြင့်မြတ်စိုး (ခ) အာနိုး လက်နက်ကြီးထိမှန် ကျဆုံးခဲ့

မေလ ၁၅ရက် ညပိုင်းက ချောင်းဦးမြို့ပေါ် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးလုံးတင်ကျေးရွာအတွင်းက နေအိမ်တွေ မီးလောင်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၈) ဗျူဟာလက်အောက်ခံ တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဂုဏ်ပြုကိတ်ခွဲကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက ကျေးရွာကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှ ပျူခေါင်းဆောင်နှင့် ညာလက်ရုံးတပည့်ကို တစ်နေရာစီ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။