ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်တို့မှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

အဲဒီမြန်မာနိုင်ငံသား ၂၆ ယောက်ဟာ နိုဝင်ဘာ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့မှာ ၂ ရက်ဆက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ကုန်ကားအောက်မှာ ပုန်းခိုလိုက်ပါလာရင်း ထိုင်းနိုင်ငံ မဲဆောက်မြို့အမှတ်၂ ချစ်ကြည်ရေးတံတားမှာ ဖမ်းဆီးခံခဲ့ရသူများ (ဓာတ်ပုံ AEC TV Online)
ပုန်းခိုလိုက်ပါလာသည့် ကုန်ကား (ဓာတ်ပုံ AEC TV Online)

“နိုဝင်ဘာလ ၁၇ရက်နေ့ တာ့ခ်ခရိုင် ဖုတ်ဖရ မြို့နယ်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံရတာဖြစ်ပြီး နိုဝင်ဘာလ ၁၆ရက်နေ့မှာလည်း မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ကုန်ကားအောက်မှာ ပုန်းအောင်းပြီး လိုက်လာသူ ၈ဦး ဖမ်းဆီးခံရတယ်” လို့ ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက မောင်းကို ပြောပါတယ်။

ကုန်းကားအောက်ကနေတစ်ဆင့် ထိုင်းရဲများ ရှာဖွေတွေ့ရှိစဉ် (ဓာတ်ပုံ AEC TV Online)
ကုန်းကားအောက်ကနေတစ်ဆင့် ထိုင်းရဲများ ရှာဖွေတွေ့ရှိစဉ် (ဓာတ်ပုံ AEC TV Online)

“နိုဝင်ဘာလ ၉ ရက်နေ့ကနေ နိုဝင်ဘာလ၁၇ရက်နေ့အထိ ထိုင်းနယ်စပ်ဝင်ပေါက် ၆ ပေါက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ ၂၀၀ ကျော်အထိ ဖမ်းဆီးခံထားရတာတွေ ရှိနေပြီး ဖမ်းဆီးခံထားရတဲ့ လူဦးရေ ၂၀၀ ကျော်ထဲမှာ ရိုဟင်ဂျာလူမျိုး ၇၀ ပါဝင်တယ်” လို့လည်း ဦးမိုးကြိုးက ဆက်ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့အတူ အထူးသဖြင့် အာဏာသိမ်းစစ်ကောင်စီရဲ့ တရာမဝင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားက နေရပ်စွန့်ခွါပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ အလုပ်လုပ်ဖို့ သွားရောက်စဉ် ဖမ်းဆီးခံရမှုတွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

ထိုင်းရဲများ ရှာဖွေတွေ့ရှိ ဖမ်းဆီးမိစဉ် (ဓာတ်ပုံ AEC TV Online)
ကုန်ကားအောက်ထဲ ပုန်းခိုလိုက်ပါလာကြသူများ (ဓာတ်ပုံ AEC TV Online)
0 Shares:
You May Also Like
Read More

အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်ထားသည့် မင်းအောင်လှိုင် ရုရှားသွားမည်

အာဂျင်တီးနား တရာရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်မယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေးအတွက် အကူအညီနှင့် ရန်ပုံငွေ ပိုမိုလိုအပ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တောင်းဆို

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီဟာ ကမ္ဘာကြီးရဲ့ အမေ့လျော့ခံ မြန်မာ့အကျပ်အတည်းအတွက် အကူအညီနဲ့ ရန်ပုံငွေတွေ ပိုမိုထောက်ပံ့ပေးကြဖို့ စက်တင်ဘာလ ၁၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
Read More

ကန်ချနဘူရီမှ တောအုပ်တခုတွင် တရားမဝင် မြန်မာရွှေ့ပြောင်း ၁၆၂ ဦး ဖမ်းဆီးခံရ

ထိုင်းနဲ့ မလေးရှားမှာ အလုပ်ဖို့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း ၁၆၂ ယောက်ကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ သောင်းဖဖုံခရိုင်က တောအုပ်တခုအတွင်းမှာ တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ချဖို့ ထရမ့်ရဲ့ပြောဆိုချက် အီရန်ခေါင်းဆောင် ပယ်ချ၊ အမေရိကန်ရဲ့ စွက်ဖက်မှုကြောင့် ပြန်ပြင်လို့မရအောင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဆို

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အမေရိကန်က လက်နက်ချဖို့ ပြောဆိုလာမှုကို အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။
Read More

နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိုင်းစစ်တပ်က လေယာဉ်ပစ်အမြောက်များ နယ်စပ်မှာ ရွှေ့ပြောင်းချထား

မြန်မာစစ်တပ်ဟာ ထိုင်းပိုင်နက်ကို ကျူးကျော်ပြီး KNLA တပ်စခန်းတွေကို ဧပြီလ ၂၁ ရက်မှာ ဗုံး ၁၀ လုံးခန့် ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။