ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ မဲဆောက်မြို့ ဘက်ခြမ်းသို့ ဖြတ်သန်းလာတဲ့ ကုန်တင်ယာဉ်ရဲ့ အောက်ပိုင်းမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မယ့် မြန်မာနိုင်ငံသား ၈ ယောက်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ နိုဝင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသား ယာဉ်မောင်းဟာ မြဝတီမြို့သို့ ကုန်စည်ပို့ဆောင်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ချိန် ကုန်တင်ယာဉ်အောက်မှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မယ့် မြန်မာ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို တင်ဆောင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသား ယာဉ်မောင်းကို တရားမဝင်လူကုန်ကူးမှုနဲ့ ဖမ်းဆီးလိုက်ပြီး ကုန်တင်ယာဉ်ကိုလည်း ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

မူရင်း ရုပ်သံ – Khaosod

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့မှုနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် ပျက်ဆီးခဲ့ရတဲ့ ဆိုင်းတောင်မှာ KIA၊ NUG ကိုထောက်ခံကြောင်းနဲ့ စစ်တပ်ကို ထောက်ပံ့နေတဲ့ Airbus ကုမ္ပဏီ နဲ့ တရုတ်အစိုးကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့မှုနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် ပျက်ဆီးခဲ့ရတဲ့ ဖားကန့်မြို့ နယ် ဆိုင်တောင်ရွာမှာ အောက်တိုဘာ ၂၉ ရက် ယနေ့ နံနက်ပိုင်းက KIA၊ NUG ကိုထောက်ခံကြောင်းနဲ့ စစ်တပ်ကို ထောက်ပံ့နေတဲ့ ဥရောပကုမ္ပဏီ Airbus နဲ့ တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်တဲ့ သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးရွာတွေကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်။ သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာရှိ စစ်ကော်မရှင်လက်အောက်ခံ ပျူရွာတွေကို ဝင်ရောက်တိုက်ခိုက်ပြီး သုံ့ပန်း ၃ ဦးနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ 8+ အညာမြေစစ်ဆင်ရေး အဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာ တော်လှန်ရေးတပ်များက ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးတွေ ကြီးစိုးထားတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
Read More

မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနိုင် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် နမခမှ ထွက်လာတဲ့ ယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၁၅သေပြီး ၇ ယောက်အရှင်ဖမ်းမိကာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ထွက်လာတဲ့ Jammer ယာဉ် ၃ စီးနဲ့ ချောဆွဲခံထားရတဲ့ ရိက္ခာတင်ယာဉ် ၇ စီးကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တော်လှန်ရေးပူး ပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ထံက သိရပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စက်သုံးဆီဆိုင်ပိုင်ရှင် ၅ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဖလမ်းမြို့ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီ‌နောင် သိမ်းပိုက်ထားမှုမြင်ကွင်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။