ဧရာဝတီတိုင်းထဲက ရေကြည်၊ ငါးသိုင်းချောင်း၊ သာပေါင်းမြို့နယ်တွေက ကားလမ်းတွေပေါ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ရခိုင်ပြည်နယ်ကနေ စစ်ဘေးရှောင်တွေ ဝင်လာတယ်ဆိုပြီး ခရီးသွားတွေနဲ့ ကုန်တင်ယာဥ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ရဲ၊ ထွေအုပ်ဝန်ထမ်းတွေက နိုဝင်ဘာလ ၂၁ရက် ဒီနေ့ မနက် စတင်ကာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
အရင်ကတည်းက ဧရာဝတီတိုင်းထဲကို AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စိုးရိမ်စိတ် ဖြစ်ပေါ်နေတဲ့ စစ်ကောင်စီဟာ အခုတော့ ရခိုင်စစ်ဘေးရှောင်တွေကိုပါ လိုက်လံရှာဖွေစစ်ဆေးနေတာ ဖြစ်ပါတယ်။
“လမ်းသွားလမ်းလာနဲ့ ကုန်တင်ယာဥ်တွေကို အဓိက စစ်ဆေးနေတာဗျ။ ကုန်ကားတွေဆိုရင် အမိုးအကာတွေပါ လှန်လှောပြီးရှာတာ။ အပြောအဆိုကလည်း အရမ်းရိုင်းတယ်။ အရပ်ဝတ်နဲ့ကောင်တွေက ပိုဆိုးတယ်” လို့ ကုန်ကားမောင်းသူတစ်ယောက်က မောင်းကိုပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့အဝင်အထွက် ဂိတ်တွေမှာ စစ်ဆေးမှုတွေ လုပ်နေသလို ဧရာဝတီတိုင်းက တချို့မြို့တွေမှာ ဧည့်စာရင်းစစ်တာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
“ရခိုင်ကနေ ဧရာဝတီတိုင်းဘက်ကို လာလို့ရတဲ့ ထိစပ်နေတဲ့ မြို့တွေမှာပိုပြီး အစစ်ဆေးကြမ်းနေတာ။ ဧည့်စာရင်းတွေဆိုလည်း နေ့တိုင်းလိုလိုစစ်တယ်။ သူတို့ ဧည့်စာရင်းစစ်လို့ ဧည့်သည်တွေ့ပြီဆိုရင်လည်း အမဲဖျက်သလိုပဲ။ ဧည့်စာရင်းတိုင်လည်း မရဘူး.. အသံဝဲပြီဆိုတာနဲ့ ခေါ်သွားတော့တာပဲ။ အခုက စစ်မှုထမ်းဥပဒေ ပြဌာန်းထားတော့ စစ်သင်တန်းပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုက သူတို့အတွက်အလုပ်ဖြစ်နေတယ်” လို့ ငသိုင်းချောင်း ဒေသခံတဥယောက်က ပြောပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)
0 Shares:
You May Also Like
Read More

စစ်တပ်အရာရှိများ တက်ရောက်ရာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် စာသင်ကြားနေသည့် ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်ချုပ်ချိုထွန်းအောင်ကို ပစ်ခတ်ရှင်းလင်း

အကြမ်းဖက်စစ်တပ်က အရာရှိအဆင့်တွေသာ တက်ရောက်ရတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ စာသင်ကြားနေတဲ့ ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ကို ဒီနေ့မှာ ပစ်ခတ် ရှင်းလင်းလိုက်တယ်လို့ Golden Valley Warriors က ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းဒေသ၊ နဂါးပတ်တောင်ကျောင်းတိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ အလောင်း ၄ လောင်း၊ စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ကျောက်ကြီးမြို့နယ်တွင်းကျေးရွာများအား စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးများနှင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် သံဃာတော် ၁ပါး အပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ကကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် သံဃာတော် ၁ပါး အပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့၊ နေ့လည် ၁၁ နာရီအချိန်မှာ ကျောက်တံခါးမြို့နယ်၊ လက်ခံကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာ နဲ့ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာ နှစ်ရွာပေါ်ကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားပါတယ်။