ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက သင်တန်းနည်းပြတွေရဲ့ ကြီးကြပ်မှုနဲ့ သင်တန်းဆင်းမယ့် ရဲဘော်တွေရဲ့ လေ့ကျင့်မှုမှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်လိုက်ပါတယ်။

နှစ်ပေါင်းများစွာ စုဖွဲ့မှုကောင်းကောင်းနဲ့ ဒုက္ခပေးနေတဲ့ အာဏာရှင်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ ရဲဘော်တွေဟာ စစ်ပညာတွေကို ကြိုးစားသင်ယူနေပြီး သင်တန်းဆင်းလာကြတော့မယ်လို့ ပြည်သူတွေထံ အသိပေးထားပါတယ်။

သင်တန်းဆင်းလာမယ့် ရဲဘော်တွေအတွက် လက်နက်နဲ့ ချပ်ဝတ်တပ်ဆင်နိုင်ဖို့ လိုအပ်နေတဲ့အတွက်  ထားဝယ်သားအိမ်ပြန် ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

အိမ်ပြန်ဖို့ ပြင်ဆင်ထားကြမယ့် ထားဝယ်သားတွေအတွက် ထောက်ပံ့ကြမယ့် တော်လှန်ပြည်သူတွေအနေနဲ့ PDF Dawei District Battalion 2 – P23302 ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ အသေးစိတ် ဆက်သွယ်မေးမြန်း ထောက်ပံ့နိုင်ပါတယ်။

0 Shares:
You May Also Like
Read More

ဆားတောင်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံသို့ သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၂ သို့ သွယ် တန်းထားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြောင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ အထိုင်ချရာ နေရာများကို Fixed wings ဒရုန်း ၉ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မြို့သာစက်မှုဂေါက်ကွင်းအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးသီးကြဲချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဂေါက်ကွင်းအတွင်းရှိ ဟိုတယ်နဲ့ Night Club မှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့် ဝင်ရောက်တပ်စွဲထားကြောင်း သတင်းရရှိတဲ့ အတွက် ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက် ခိုက်ခဲ့တယ်လို့ Youth Guerrilla Counter Revolution - NZ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပွင့်ဖြူ အနီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ထိတွေ့တိုက်ပွဲဖြစ် (ရုပ်/သံ)

ပွင့်ဖြူမြို့နယ် ကျွဲခြံ/လယ်မရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မင်းဘူးခရိုင် အမှတ်(၄) တပ်ရင်းက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

အောင်ဇေယျကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်မင်းထွန်း၏ ပြောကြားချက် (ရုပ်/သံ)

''မတိုက်ခိုက်ချင်ဘူး၊ တစ်ဖက်နဲ့ တစ်ဖက်ရန်သူတွေလို ဘာမှာမဟုတ်ဘဲနဲ့ မတိုက်ခိုက်ချင်ဘူး။ သူတို့ရဲ့ တစ်ဖက်စီးနင်းနဲ့ အာဏာသုံးပြီး ဘယ်လိုဒုက္ခတွေပဲဖြစ်ဖြစ် ဝင်ကို ဝင်ရမယ်၊ (စစ်မှုထမ်းထဲ) ညီလေးတို့အပါအဝင် ပြည်သူလူထုတွေလည်း ဒုက္ခရောက်နေတာ''