ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို နိုဝင်ဘာ ၁၇ ရက် မနေ့က ညနက်ပိုင်းအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၂လသား အရွယ်ကလေးနဲ့ မိခင်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကွတ်ခိုင်မြို့ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီးက လူနေရပ်ကွက်ထဲကို လေကြောင်းကနေ ဗုံးကြဲချခဲ့တာဖြစ်ပြီး အရပ်သား ၃ ယောက်သေဆုံးခဲ့ရကာ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ မှတ်တမ်းရုပ်သံ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် (ရုပ်/သံ)

အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေအတွက် ရဲရင့်စွာ ရပ်တည်နေတဲ့ အမျိုးသမီးတွေ၊ လူ့အခွင့်အရေး ကာကွယ်‌စောင့်ရှောက်သူတွေရဲ့ ပြောစကားပါဝင်တဲ့ ဂုဏ်ပြုရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၂၉ ရက်မှာ ကျရောက်တဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ (International Women Human Rights Defenders Day) မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တင်ဆက်လိုက်ပါတယ်။
Read More

BGF က ကျားဖြန့်များကို အပြီးသတ်နှိမ်နင်းတော့မည်ဟု သတင်းလွှင့်အပြီး ရွှေကုက္ကိုလ်မြို့သစ်မှ ကျားဖြန့်များ အစုလိုက်အပြုံလိုက် ထွက်ပြေး (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်တွေကို အပြီးသတ်နှိမ်နင်းတော့မယ်လို့ BFG နိုင်မောင်ဇော်က ထိုင်းသတင်းဌာနတွေကို ဖြေကြားအပြီး ကျားဖြန့်တွေ  အစုလိုက်အပြုံလိုက် ထွက်ပြေးလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘုရားကြီးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို  တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့ပေါ် ထမင်းထုပ်လာပို့သည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်မှာ ထမင်းထုပ်လာပို့တဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Tiger Warrior Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းစစ်တပ်ယာဉ် ၃ စီးကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ပြင်ကန်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People's Democratic Army ထံက သိရပါတယ်။