စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်၁ယောက်နဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၄ရက်၊ ညနေပိုင်းက ကလေးမြို့နယ်၊ ဇင်းကလင်းရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေက မြို့ကြီးကုန်းရွာကို  ဒရုန်းနဲ့ ဗုံးသီး ၂လုံးချတိုက်ခိုက်ခဲ့ရာ  လင်မယား၂ယောက်ထိမှန်ခဲ့ပြီး မိန်းမဖြစ်သူ သေဆုံးသွားကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စံသာရွာနေ ကလေးငယ် ၁ယောက်ပါ ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဇင်းကလင်းက စကစခြေကုပ်တပ်စွဲထားတဲ့ရွာပါ။ ကလေးနည်းပညာတက္ကသိုလ်နားမှာရှိတယ်။ နေ့စဥ်နဲ့အမျှ အနီးအနားက ရွာတွေဆီ တော်လှန်ရေးတပ်တွေရှိမယ်အထင်နဲ့ ဒရုန်းနဲ့ဗုံးကြဲ၊ လက်နက်ကြီးပစ်တာတွေ လုပ်နေတာပါ။ ထိုမာ ရွာဆိုရင် လက်နက်ကြီးပစ်လိုက် ဒရုန်းဗုံးချလိုက် တစ်နေ့မှ  မပြတ်ဘူး။ တော်လှန်ရေးတပ်တွေနဲ့လည်း အဲ့အနီးတဝိုက် ထိတွေ့မှုတွေရှိပါတယ်။” လို့ ဒေသခံ တစ်ယောက်က မောင်းကိုပြောပါတယ်။

ကလေးနည်းပညာတက္ကသိုလ်ထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေကို အဲ့ဒီနေ့ (နိုဝင်ဘာ ၁၄ရက်) မနက်ပိုင်းမှာ ဒေသခံ တော်လှန်ရေးအဖွဲ့ဝင်တွေက ဒရုန်းတွေနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ရက်နေ့ကလည်း ကလေးမြို့ထဲကနေ ကွန်ပျူတာတက္ကသိုလ်ဘက် ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားတစ်စီးကို ကလေးဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ရင်း တပ်ကူလာတဲ့ စစ်အုပ်စုတွေနဲ့ပါ ထိတွေ့မှု ဖြစ်ပွါးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တပ်သားသစ် လိုအပ်နေသည့် စစ်ကော်မရှင်တပ် နိုင်ငံတဝန်း လူငယ်များကို ဖမ်းဆီးစုဆောင်းမှုများ ပိုမိုလုပ်ဆောင်လာ

နိုင်ငံတဝန်းက စစ်မျက်နှာပြင်တွေအတွက် အရပ်သားစစ်မှုထမ်းလိုအပ်ချက် မြင့်မားလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အရင်ကထက် တပ်သားသစ် စုဆောင်းတာတွေ ပိုပြီး ဆိုးဆိုးဝါးဝါးလုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။
Read More

ခမရ (၅၅၆) မှ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ငွေကျပ်သိန်း(၆၀) ချီးမြှင့်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းက တပ်သား(၁) ယောက် တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေချိန် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

ပုလောမြို့ပေါ်က စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း၊ ခဲယမ်းအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို ဝင်ရောက်စီးနင်းခဲ့ရာ ခဲယမ်းအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့တွင် ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဘဏ်များလည်းပိတ်ထား၊အင်တာနက်​ အသုံးပြုသည့်လူငယ်များကို စစ်အုပ်စုကစောင့်ကြိုဖမ်းဆီးနေ…

"၂ပတ်ကျော်ပီ၊ ကြားထဲမှာ U9(ယခင်အော်ရီဒူး) က ရလိုက်၊ မရလိုက် ဖုန်းလိုင်းတော့ တစ်ခါတစ်ခါ ရပါတယ်။ ကျနော့်အမြင်ကတော့ စစ်ရေးအရရော ဒေသတွင်းတိုက်ပွဲကော၊ နိုင်ငံရေးအရ ရွေးကောက်ပွဲပြင်ဆင်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်မယ်ဗျ။" လို့ ကလေးမြို့ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။