စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

မနေ့က နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းကနေ စတင်ပြီး အင်အား ၁၈၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူနယ်၊ ကာဘိုးအထိုင်စခန်းကနေ တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလမ် ငတန်းရွာမှာ အင်အားချပြီးနောက် ရေဦးနယ် မြောက်ခြမ်းက ရွာဗုကြီးရွာကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ တန့်ဆည်နယ်တောင်ဘက်ခြမ်း ကျွဲဆွဲရွာမှာ အထိုင်ချထားတဲ့ စစ်ကြောင်းကလည်း အင်အား (၅၀) ခန့်နဲ့ တနယ်ရွာဘက်ကနေ စတင်စစ်ကြောင်းထိုးလာပြီးနောက်မှာ တန့်ဆည်နယ် တောင်ပိုင်းက  ခပေါင်းကြိုင်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

“မနေ့က ရေဦးနယ် မြောက်ဘက်ခြမ်း ရောက်နေတဲ့စစ်ကြောင်းက ဒီနေ့မနက်မှာ ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာနဲ့ တန့်ဆည်နယ်အစပ် ကလဇင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ လက်ရှိ အဲရွာတွေဘက်ကနေ မုံတိုင်ပင်ရွာထဲ ဆက်လက်ဝင်ရောက်ထားတယ်။ အင်အားက ၁၈၀ လောက်ပါတာမို့ အဖွဲ့တွေခွဲပြီး ကျေးရွာတွေကို အကြောင်းမဲ့ဝင်စီးနေကြတာ” လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။ 

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ မုံတိုင်ပင်ရွာနဲ့ ဆီဆုံရွာကိုလည်း မီးရှို့မှုတွေ လုပ်ဆောင်နေပြီး ကပ်လျက်ရွာတွေဖြစ်တဲ့ ရှမ်းဆိပ်ရွာမှာလည်း အဖွဲ့ခွဲကာ စစ်ကြောင်းဆက်လက်ထိုးနေတယ်လို့ဆိုပါတယ်။ 

အခုလို စစ်ကြောင်း ၂ကြောင်းထိုး တိုက်ခိုက်မှုတွေကြောင့် ရေဦးနယ်ထဲမှာ ပြည်သူ ၇၀၀၀ နီးပါး ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘောလခဲ ခမရ ၄၂၉ မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၄ ဦး Loikaw Local PDF ထံ လက်နက်နဲ့ အလင်းဝင်ခိုလှုံ

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်၊ ဘောလခဲတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Loikaw Local PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်(ပကဖ)ဟာပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်နေ့က အမှတ်စဉ်(၃) သင်တန်းဆင်းပွဲပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နှစ်လကျော် ကြာမြင့်လာသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA အသာစီးရလာကာ ဆက်လက်ပြင်းထန်နေ

KIA နဲ့ တော်လှန်ရေးအင်အားစုတွေဟာ  တော်လှန်ရေးအတွက် ပထဝီအနေအထားအရ အရေးပါတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို သိမ်းတိုက်ပွဲ ဆင်နွှဲလာတာ ၂ လကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။
Read More

ဂွမြို့နယ် ကြွေချိုင်မှာရှိတဲ့ စစ်တပ်စခန်းကို AA သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ် ဂွမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကြွေချိုင်တပ်စခန်းကို အရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတချို့ကို AA က ကယ်ထုတ်နေကြောင်း သိရပါတယ်။
Read More

သေနတ်နဲ့ပစ်ခံရတဲ့ မန္တလေးက ယာဉ်ထိန်းဒုရဲအုပ် ရဲမေ အဆုတ်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ပဲ ဆေးရုံမှာ သေ

မန္တလေးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒုရဲအုပ် ယာဥ်ထိန်းရဲမေ ဖူးပွင့်ဇော်မှာ မနေ့ည (အောက်တိုဘာ ၁၄) ကပဲ အဆုတ်ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။