မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

မြေပြင်ထိတွေ့တိုက်ပွဲတွေ၊ ပြည်သူ့လုံခြုံရေးလုပ်ငန်းတွေလုပ်ဆောင်စဉ်နဲ့ ပြည်သူတွေနဲ့ ထိတွေ့ လုပ်ဆောင်မှု အချို့မှာ အထူးသတိထားရမယ့် အချက်တွေကို ထုတ်ပြန်လိုက်တာပါ။

အထူးသဖြင့် အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပြီး အရပ်သားပြည်သူတွေရဲ့ပစ္စည်းကို ထိပါခြင်း မပြုရန်၊ ပြည်သူလူထု အထင်မှားငြိုငြင်စေမယ့် အပြောအဆို အပြုအမူများကိုရှောင်ရှားရန်၊ အရက်ဘီယာ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို လုံး၀မပြုလုပ်ရန် ဖော်ပြထားပါတယ်။

ထုတ်ပြန်ကြေညာချက်

တစ်ဆက်တည်းမှာပဲ အရပ်သားပြည်သူတွေကို မောက်မာရိုင်းစိုင်း၊စော်ကားပြောဆိုခြင်း၊ လက်နက်ပြခြိမ်းခြောက် အနိုင်ကျင့်ခြင်းကို လုံး၀မပြုလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲတွေကနေ ရရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့်အပ်နှံရမှာဖြစ်ပြီး တပ်ဖွဲ့ရဲ့ ပုံရိပ်

အမှတ်တံဆိပ်ကို အသုံးပြုကာ ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်ခြင်းတွေကို မလုပ်ဆောင်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နွားထိုးကြီး PDF ဟာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းပြီး စစ်ကောင်စီကို တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ တပ်ဖွဲ့တစ်ခုပဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော်များ၏ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှုမှတ်တမ်းများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ( ၂၅ ) ကွပ်ကဲမှူအောက်ရှိ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702) ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ မြေပြင်လှုပ်ရှားမှုပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လောင်းလုံးတွင် စစ်ကော်မရှင်တပ်နှင့် နီးစပ်သူကို WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူ -ကမ္မ -‌ ရေပြာလမ်းပိုင်းနှင့် ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်မှ စစ်သား ၂ ဦး အလင်းဝင်လာ

မကွေးတိုင်းအတွင်း ပခုက္ကူ-ကမ္မ-‌ ရေပြာလမ်းပိုင်းနဲ့ ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ မြိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗိုလ်တစ်ထောင် ရေတပ်က ဗိုလ်ကြီး ၁ ဦးနှင့် ဘားအံ ရတဖ ၂၂ က ရဲတပ်သား ၁ ဦး ကျားသစ်နက်စစ်ကြောင်းဆီ အလင်းဝင်လာ

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရေတပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ ဘားအံအခြေစိုက်  ရတဖ ၂၂ (ရဲတပ်ရင်း) က ရဲတပ်သား ၁ ယောက် အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦး၏ မိသားစုဝင်များကို ခင်ဦး ပကဖ၊ ပအဖ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ပုသိမ်ကြီးတွင် စစ်ကောင်စီ လေကြောင်းရော လက်နက်ကြီးပါ ဆက်တိုက်ပစ်ခတ်နေ၊ စစ်ရှောင် ဒဟတ္တော အရပ်သားများကိုလည်း ရွာအတွင်းအဝင်မခံဘဲ နှင်ထုတ်နေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရှောင်အရပ်သားတွေကို ရွာထဲပေးမဝင်ဘဲ မောင်းထုတ်နေကြောင်း Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။