အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေရာမှာ အောက်တိုဘာလအတွင်း PDF နဲ့ ပကဖ ရဲဘော် စုစုပေါင်း (၆) ယောက်ကို ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းစစ်တရားရုံးနဲ့ စစ်ဆေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ယောက်ကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးနဲ့ စစ်‌ဆေးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ယောက်ကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ စုံစမ်းစစ်ဆေးပြီး ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် (၄) ယောက်အနက် (၁) ယောက်ကို ရာထူးက ထုတ်ပယ်ခြင်း၊ (၂) ယောက်ကို တာဝန်ကနေ (၆) လ ယာယီ ရပ်ဆိုင်းခြင်း၊ (၁) ယောက်ကို စာနဲ့ သတိပေး အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်လာစေဖို့ ရည်ရွယ် တည်ဆောက်နေတာကြောင့် လိုအပ်တဲ့ ထိန်းကြောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်နေရာ မျှတတဲ့ တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ရဟု ကာလုံ ထုတ်ပြန်

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ကော့ကရိတ်မြို့နယ်တွင် ၂၈ နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်တပ်၏ ထီးကပလယ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း နှစ်ပေါင်း ၂၈ နှစ်ကျော် အကြမ်းဖက်စစ်တပ် ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖြူးမှာ စစ်တောင်းမြစ်ကမ်းဘေးက ရေးဘေးသင့် ပြည်သူတွေကို မြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေ သွားရောက်လှူဒါန်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ကျေးရွာတွေကို အလှူရှင်တွေရဲ့ ကိုယ်စား ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက ဒီနေ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးနဲ့ ဂန့်ဂေါကြားက စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်အထိ ပြုလုပ်ခဲ့၊ အရပ်သားပြည်သူ (၁၅)ဦး ထက်မနည်း သေဆုံးပြီး (၄၀)ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ မကွေးတိုင်း၊ ဂန့်ဂေါကြားက စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ Chinland Defense Force (CDF-KKG) က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။