ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးတာဝန်ခံ မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ CDM များ လုံခြုံမှုရှိရေး ရေဦးမြို့နယ် ‌ကြားကာလတက္ကသိုလ်ကျောင်းသူကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ပညာရေးတာဝန်ခံ ဆရာဦးဝင်းဌေး  မိသားစုကို မတရားအကြမ်းဖတ်သတ်ဖြတ်သူများ အမြန်ဆုံးအမှုမှန် ပေါ်ပေါက်ရေး၊တရားမျှတမှုရှိစေဖို့ အဓိက တောင်းဆိုခဲ့ကြတာပါ။

ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ မိသားစုဖြစ်စဥ်အပေါ် ရေဦးမြို့နယ်အခြေပြု 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 က ထပ်တူဝမ်းနည်းကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျုးလွန်သူအကြမ်းဖက်သမားများအား ထိထိရောက်ရောက် အပြစ်ပေးအရေးယူနိုင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

 

(ဓာတ်ပုံ ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့)

0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရာလမ်းတလျှောက် အရပ်သား ၈ ဦးကို ဖမ်းဆီးကာ စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ဦးကို ရိုက်သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အင်အားအပြောင်းလဲလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အရပ်သားတွေကို စစ်ကြောင်းထိုးရာ လမ်းတလျှောက် ဖမ်းဆီးခေါ်ဆောင်ရင်း စိတ်ကျန်းမာရေး ချို့တဲ့နေသူ ၁ ယောက်ကို ရိုက်နှက်သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

ရှေ့တန်းမှ ပြန်လာသည့် 96 Soldiers – အညာ​တပ်ခွဲမှ ရဲဘော်များကို ပြည်သူတွေ ကြိုဆို… (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ 96 Soldiers - အညာ​တပ်ခွဲက ရဲဘော်တွေကို တပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဒီကနေ့ညနေမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်လေးအပါ ၆ ဦး သေ၊ ရဲနှင့် မိသားစုဝင် စုစုပေါင်း ၁၁ ဦး အရှင်ဖမ်းမိကာ သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားဟု ဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ လျှပ်တပြက် စီးနင်းဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်သားတွေ သေဆုံးမှု ရှိခဲ့သလို အရှင်ဖမ်းမိတဲ့လူတွေကိုတော့ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကန့်ဘလူခရိုင် လှုပ်ရှားပကဖတပ်ရင်းထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ကပစ-၂၁ က စစ်ကားတွေ​ ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ပွင့်ဗိုလ်အပါ ၄ယောက် သေ၊ ၅ယောက် ဒဏ်ရာရ

မကွေးတိိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၁က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ပွင့်အရာရှိ အပါအဝင် စစ်သား ၄ ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း (၄) ၊ တပ်ခွဲ (၁) သတင်းထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။