၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။

ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်ခရိုင်မှာ ထိုင်းရပ်ရွာလုံခြုံရေးအရာရှိတစ်ယောက်ရဲ့ ယူနီဖောင်းကို ဝတ်ဆင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကို ဆိုသူကို ထိုင်းစစ်သား ၄ ယောက်ကဇန်နဝါရီလ ၁၂ ရက်မှာ ဖမ်းဆီးခဲ့ကြကြောင်း Fortify Rights ရဲ့ ကြာသပတေးနေ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်းစစ်တပ်ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုအောင်ကိုကို (ဓာတ်ပုံ Fortify Rights)

ကိုအောင်ကိုကို ကို စစ်ဆေးမေးမြန်းစဉ်အတွင်း ထိုင်းစစ်သား ၃ ယောက်က သစ်သားတုတ်ရှည်နဲ့ ရိုက်နှက်ခဲ့ကြပြီး အဲဒီနားမှာပဲ ဒဏ်ရာတွေ သွေးအလိမ်းလိမ်းနဲ့ ချန်ထားခဲ့ကြတဲ့အတွက် နာရီပိုင်းအကြာမှာ သေဆုံးသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ အခင်းဓာတ်ပုံတွေနဲ့ အလောင်းခွဲစိတ်မှတ်တမ်းတွေကို ကိုးကားပြီး လူ့အခွင့်အရေးအဖွဲ့က စွပ်စွဲထားတာပါ။

“အောင်ကိုကိုရဲ့ ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရမှုကို ဒီအတိုင်းတော့ မထားနိုင်ပါဘူး။ ဒီအတွက် တာဝန်ရှိတဲ့ စစ်သားတွေကို နှောင့်နှေးမှုမရှိဘဲ တရားစီရင်သင့်တယ်” လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Mr Matthew Smith က ပြောပါတယ်။

အကြမ်းဖက်မှုကို မျက်မြင်တွေ့ရှိသူ မြန်မာအမျိုးသားတစ်ယောက်ကိုလည်း နောက်ပိုင်းမှာ မရည်ရွယ်ဘဲ လူသေစေမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

အသက် ၂၄ နှစ်အရွယ် Sirachuch ဆိုသူဟာ ထောင်ဒဏ် ၃နှစ်နဲ့ ၄လ အကျဉ်းချခံခဲ့ရပြီး Fortify Rights က ဒါဟာ မမှန်မကန် တရားစီရင်မှုဖြစ်ကြောင်း ပြစ်တင်ပြောဆိုပြီး အမှန်အတိုင်းလုပ်ဖို့လိုတယ်လို့ ဆိုထားပါတယ်။

“အောင်ကိုကိုရဲ့ ဝမ်းနည်းဖွယ် သေဆုံးမှုဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေဆဲဖြစ်ကြောင်းကို မီးမောင်းထိုးပြနေတယ်” လို့ သူတို့အဖွဲ့က ပြောပါတယ်။

ထိုင်းစစ်တပ်ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုအောင်ကိုကို

အဲဒီစွပ်စွဲချက်တွေအပေါ် စစ်ဆေးနေကြောင်း ထိုင်းစစ်တပ်က AFP ကို ပြောပါတယ်။

“အဖြစ်မှန်တွေကို ရှာဖွေစုံစမ်းနေဆဲပါ။ ဒါပေမဲ့ ထိုင်းဟာ လူ့အခွင့်အရေးကို အမြဲတမ်းဦးစားပေးခဲ့ပြီး လူတိုင်းကိုလည်း ညီတူညီမျှ အရေးပေးပါတယ်” လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Thanathip Sawangsang က ဆိုပါတယ်။

မူရင်း – Thai military accused of beating Myanmar man to death

0 Shares:
You May Also Like
Read More

မင်းဘူးခရိုင် ဆေးတပ်သားတွေရဲ့ အခြေခံ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ဖွင့်လှစ်သင်ကြားပေးတဲ့ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ဟိန္ဒူယဉ်ကျေးမှုအပေါ် အပြောင်အပျက်လုပ်ထားတဲ့ ရုံတင်ဇာတ်ကားအတွက် ထုတ်လုပ်သူနဲ့ ခွင့်ပြုတဲ့ ဘာသာရေးအဖွဲ့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ ထုတ်ပြန်

မကြာခင် ရုံတင်ပြသမယ့် “ဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီး” ရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကား ခွင့်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကနေ ထုတ်ပြန်လာပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် တပ်ရင်း ၄ ၏ အပတ်စဥ် (၁၁) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် (၁၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်ဖြစ်အောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေး ပြောကြား

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။
Read More

မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု MSFC ပြော

မွန်ပြည်နယ်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေး လုပ်ငန်းတွေ တင်ပြဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ တတိယအကြိမ်ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်းတောင်မှာ စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၁၂၀ကျော် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အသိပေးထုတ်ပြန်ပါတယ်။