မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစခန်းကို နိုဝင်ဘာ ၁၄ ရက် မနေ့က မနက်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။

ရော့ကတ်တွေဟာ ပျူစခန်းခေါင်းဆောင်နဲ့ အကြမ်းဖက်စစ်တပ်အရာရှိတွေ နေထိုင်တဲ့ အဆောက်အအုံရှေ့ကို ၁ လုံး၊ နောက်လိုက်ပျူစောထီးတွေရှိတဲ့ နေရာကို ၁ လုံးနဲ့ ပျူစခန်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ပျူခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေ စခန်းအပြင် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို COBRA ONE Pakokku ၊ BA-NYEIN Guerrilla Forceနဲ့ Thu Yin TR အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံအနှံ့ဗုံးကြဲဖို့ စစ်ကောင်စီ ဗုံးသီးထုတ်လုပ်ရာ ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူးမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ဇန်နဝါရီ ၁၈ ရက်က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များ ရေဦးမြို့နယ်သို့ ပြန်လာရောက်ရှိ (ရုပ်/သံ)

ရှမ်း-မန်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ YEU PDF ရွှေဘိုခရိုင် PDF တပ်ရင်းအမှတ် (၁၄) ရဲဘော်တွေ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မန္တလေး-မုံရွာလမ်းမပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းပေါ်မှာ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Spring Dove မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ယာဉ် ၃ စီးပေါ်မှာ အင်အားအပြည့်တင်ဆောင်လာပြီး မအူဂိတ်မှာ Faw ယာဉ် ၁ စီး၊ ၁၂ စီး ကား ၁ စီးနဲ့ အချိန်း အပြောင်းအပြောင်းလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေကို မန္တလေး-မုရွာလမ်းမပေါ်မှာ အဝေးထိန်း မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ် ၇ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအများအပြားသေဆုံးစေခဲ့တဲ့ ကျောက်ကြီးမြို့နယ်စခန်းသိမ်းတိုက်ပွဲရုပ်သံဖိုင်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၆ ခုကို KNLA ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားအ များအပြားသေဆုံးစေခဲ့တဲ့ ရုပ်သံဖိုင်ကို နဂါးနီစစ်ကြောင်းမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ရပ်ကျေးပလဖ ၂/၂၀၂၅ သင်တန်းဆင်းပွဲ ‌ကျင်းပပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ရပ်/ကျေး ပလဖ ၂/၂၀၂၅ သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၉ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။