မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံက အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို စီးနင်းတိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ်၊ ဆုပ်လေဦးလမ်းဆုံမှာ တပ်​ဖြန့် အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်တွေက ဒီနေ့ မနက်ပိုင်းမှာ အချိန် ၃ နာရီအတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အထိုင်ချတပ်စခန်းနဲ့ လက်နက်ခဲယမ်းတချို့အပါ အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ ပစ္စည်းတွေနဲ့ မင်းဘူးခရိုင် တပ်ရင်း ၅ ရဲဘော်များ

တော်လှန်ရေးတပ်တွေ စတင်ဝင်ရောက်စီးနင်းချိန်ကစလို့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားရာနေရာကနေ ဆီဆိုင်တစ်ဆိုင်ကို RPG နဲ့ ပစ်ကာ ဆင်ဖြူကျွန်းဘက် ဦးတည်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေက စခန်းနဲ့ လက်နက်ခဲယမ်း အသုံးအဆောင်တွေကို သိမ်းဆည်းပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း ၊ ဒေါင်းစစ်အောင်တပ်ဖွဲ့နဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေကို KNDF တပ်ရင်း ၅ က ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေအတွက် Karenni Nationalities Defense Force B - 05 (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၅) က ရဲဘော်တွေက Lose and Hope အဖွဲ့သားတွေနဲ့အတူ သွားရောက် ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  ၇၀ ရာခိုင်နှုန်းလောက်မှာ လက်နက်ခဲယမ်းပြည့်စုံနေပြီဖြစ်ပြီး အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ ကပစထုတ် လက်နက်တွေဖြစ်ကြောင်း CDM  တပ်မတော်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

ချောင်းဦး ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့သည့် သပိတ်လူငယ် ၃ ဦးကို GSCB မှတ်တမ်းတင်ဂုဏ်ပြု

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ရဲဘော်ချမ်းငြိမ်းအောင်၊ ရဲဘော် ညီညီဇော်နဲ့ ရဲဘော်ကံမြင့်လွင်တို့ ကျဆုံးခဲ့တယ်လို့ GSCB နဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု အရက်သောက်ရင်း စကားများပြီး ပစ်ခတ်မှုဖြစ်၊ သေဆုံးမှုရှိကာ စစ်သားတချို့ လက်နက်နဲ့ ထွက်ပြေး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ မက္ကသံ ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သားတွေ အုပ်စုဖွဲ့ အရက်သောက်ရာကနေ စကားများပြီးသေနတ်နဲ့ ပစ်ခတ်မှုတွေအထိ ဖြစ်ပွါးခဲ့ကာ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။