မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၃ရက်ဆက်ဖြစ်ပြီး စစ်ကောင်စီဘက်က  ၁၅ယောက်ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရခဲ့သလို ဒရုန်းတွေကိုလည်း ပစ်ချသိမ်းဆည်းနိုင်ခဲ့တယ်လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

နိုဝင်ဘာ ၁၁ရက်၊ ညနေပိုင်းမှာ မြင်းခြံမြို့နယ်ထဲက Myingyan Black Tiger (MBT) ရဲ့စစ်ကြောင်း ၃ နယ်မြေကို လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲ ၃ရက်တာအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များခဲ့တဲ့အတွက် လေကြောင်းတိုက်ခိုက်မှု ၁၅ကြိမ်ထက်မနည်း အသုံးပြုခဲ့ပြီး ကွမ်းစိုက်၊ ကူရွာနဲ့ခြေဆေးကျေးရွာတွေကို ဗုံးအလုံးရေ ၁၀၀ ကျော်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။

တိုက်ပွဲဝင်နေသည့် Myingyan Black Tiger ရဲဘော်များ (ဓာတ်ပုံ Myingyan Black Tiger)

ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ဒရုန်း ၁စီးနဲ့ ရှေ့ကင်းထောက်ဒရုန်း ၁စီး ကို ပစ်ချဖျက်ဆီးနိုင်ခဲ့ပြီး ရှေ့ကင်းထောက်ဒရုန်း ၁စီးကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း MBT ရဲဘော်၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်ကတော့ ၁၅ယောက်ထက်မနည်း သေဆုံးခဲ့ပြီး သူတို့ရဲ့ သေဆုံးအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို မြင်းခြံဆေးရုံကိုပို့ဆောင်ခဲ့သလို ပျူစောထီး၂ယောက်ကိုလည်း မိတ္ထီလာဆေးရုံဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“လက်ရှိမှာ ကွမ်းစိုက်ရွာကို ကျနော်တို့တော်လှန်ရေးတပ်တွေ ဆုတ်ပေးထားရပါတယ်။ ပထမရှိနေတဲ့အင်အားမပြောနဲ့ နောက်ထပ် မိတ္ထီလာကနေ ကူဖို့လာတဲ့ အင်အားတင် ၃၀၀အထက်မှာရှိပါတယ်။ အခြားဘက်ကနေ လာတာတွေလည်း ရှိပါတယ်။ လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေး တင်းမာနေဆဲဖြစ်တယ်” လို့လည်း ဗိုလ်မိုက်ခဲက ပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ စစ်တပ်ကင်းထောက်ဒရုန်း (ဓာတ်ပုံ Myingyan Black Tiger)

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် ကူရွာက ​အရပ်သား၃ယောက် နဲ့ ကွမ်းစိုက်ကျေးရွာက အရပ်သား၁ယောက်သေဆုံးခဲ့ပြီး အလောင်းပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစပြီး မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေ၊ ရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO) အမည်နဲ့ စစ်ရေးဖော်​ဆောင်မှုတွေ အရှိန်မြှင့်ဖော်ဆောင်နေရာ စစ်ကောင်စီကလည်း လေကြောင်းကနေ ဆက်တိုက်ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့မှာ လုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့…

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့ မနေ့က လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုအနောက်ခြမ်း တည်ပင်ရွာကို စစ်ကောင်စီအထိုင်တပ်မှ ဟောင်ဝစ်ဇာများ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းသား ကလေးငယ်၁ယောက် ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ဗျတ္တက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ မှာ မြန်မာပြည်သူ (၁၅) သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရနိုင်

မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ခုခံတိုက်ခိုက်ရင်း ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ ကယား (ကရင်နီ) စစ်တိုင်းဌာန၊ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီး၊ ပဲချက်ရွာကို စစ်အုပ်စု စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲ၊ ၄ ဦး သေဆုံးပြီး ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ၄ ယောက် သေဆုံးပြီး ကလေးငယ်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။