လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်း (၈၀) ကျော်က အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာထံ အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့တောင်းဆိုလိုက်ပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို လာအို၊ ဩစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ လာအို၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ရုရှား၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ အာဆီယံထိပ်တန်းတာဝန်ရှိသူတွေကို လိပ်မူပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်ကောင်စီတက်ရောက်ခွင့်မရခဲ့တဲ့ အာဆီယံကာကွယ်ရေး၀န်ကြီးများ အစည်းအဝေး

လာအိုနိုင်ငံမှာ နိုဝင်ဘာလအတွင်း ကျင်းပတော့မယ့် (၁၈) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နဲ့  ၁၁ ကြိမ်မြောက် ADMM Plus ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို အသိအမှတ်ပြု တက်ရောက်ခွင့်မပေးဖို့ တောင်းဆိုနေကြတာပါ။

အဲဒီအစည်းအဝေးတွေမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ ကိုယ်စားပြုမှုရဖို့၊ စစ်ကောင်စီကိုယ်စားလှယ်တွေကို ဖယ်ရှားဖို့နဲ့ လက်ရှိ တရားဝင်ရာထူးတွေယူထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ဖယ်ရှားဖို့ စတဲ့ အချက်တွေကို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ ပြည်တွင်းပြည်ပအဖွဲ့တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်အုပ်စုဟာ မြန်မာစစ်တပ်အတွင်း ဖွဲ့စည်းထားတဲ့ တရားမဝင် ရာဇဝတ်အဖွဲ့အစည်းတစ်ရပ်ဖြစ်သလို ဒေသတွင်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် လုံး၀ အသိအမှတ်မပြုသင့်ဘူးလို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့မဆို အစိုးရတစ်ရပ် မဟုတ်တဲ့အတွက် အာဆီယံအနေနဲ့ အသိအမှတ်မပြုသင့်သလို မြန်မာပြည်သူတွေကိုလည်း ကိုယ်စားမပြုဘူးလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က စစ်ကောင်စီတက်ရောက်ခွင့်မရခဲ့တဲ့ အာဆီယံကာကွယ်ရေး၀န်ကြီးများ အစည်းအဝေး

အာဆီယံအနေနဲ့ အခုလို အစည်းအဝေး တက်ရောက်ခွင့်ပြုခြင်းဟာ  စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှု ပေးအပ်နေတာသာ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာစစ်အုပ်စုကို ဆက်လက်ပံ့ပိုးကူညီနေတာဟာ မြန်မာနိုင်ငံအတွင်း လက်ရှိတင်းမာမှုတွေကို မီးထိုးလောင်မြိုက်စေသလို သံခင်းတမန်ခင်းနဲ့ စေ့စပ်ညှိနှိုင်းရေး အတွက် အာဆီယံရဲ့ ယုံကြည်ထိုက်မှုကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားတယ်။

0 Shares:
You May Also Like
Read More

အောင်လံတွင် ရွေးကောက်ပွဲအတု ပြုလုပ်ချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်နေချိန် ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း NUG ပြော

အကြမ်းဖက် မင်းအောင်လှိုင် ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်သားတည်းရပ်တည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

ကျောက်မဲမြို့ထဲ အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးများ ကြဲချရင်း ထိုးဖောက်ဝင်ရောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ထဲကို စစ်ကော်မရှင်တပ်တွေ ထိုးဖောက်ဝင်ရောက်နေပြီး တအာင်းတပ်မတော် TNLA ရှိမယ်လို့ထင်တဲ့ နေရာတွေကို ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နေ့စဉ် လေကြောင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ဟန်ပြရွေးကောက်ပွဲနီးလာချိန်ကျမှ နိုင်ငံရေးလမ်းကြောင်းကနေ ဖြေရှင်းကြဖို့ တော်လှန်ရေးအင်အားစုတွေကိုပြော

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တွေကို လက်နက်စွန့်ပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဆွေးနွေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NMSP-AD ရဲ့ ၂ရက်တာ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အရာရှိတွေအပါ ၈ယောက် သေ

မွန်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၈) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရရှိသွားတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က သတင်းထုတ်ပြန်ထားပါတယ်။