စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကနေ မုံရွာနမခ ကို ဓားစာခံ ၅၃ ယောက်ဖမ်းဆီးပြီး ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်‌ရေးတပ်တွေက အသင့်စောင့်ဆိုင်းပြီး မိုင်း ၁၀ လုံး ဖောက်ခွဲကာ အနီးကပ်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ကြပ် ဇော်ဝင်းအောင် အပါအဝင် အများအပြားသေခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းမှာတော့ ဓားစာခံတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယင်းမာခရိုင် အမှတ်(၉)တပ်ရင်းရဲ့ တပ်ရင်းရုံးစစ်ကြောင်းနဲ့ Ba Thu Kyawal Column တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျည်ဆန်လိုအပ်ချက်နှင့် တိုက်ပွဲဝင်နေကြသည့် ရဲဘော်များရဲ့ ရုပ်သံဖိုင် YARMA BRIGADE ထုတ်ပြန် (ရုပ်/သံ)

ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်းနယ်မြေနဲ့ ဖာပွန်စစ်ဆင်ရေးနယ်မြေတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ တောင်ပိုင်းတိုင်း၊ ဗျူဟာ(၂၇)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တပ်မဟာ-၁၊ တပ်ရင်း(၇၈၀၅)၊ တပ်ခွဲ-၅ (YARMA BRIGADE) မှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ ကျည်ဆန်လိုအပ်ချက် ရှိနေတယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မနေ့နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ထံက သိရပါတယ်။
Read More

ကမ္မမြို့ပေါ် ကင်းပတ်နေသည့် အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ကွေးတိုင်း၊ ကမ္မမြို့ပေါ်မှာ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခွန်အားမျှပါ သိန်းငါးထောင် ကမ်ပိန်းကနေ ဝယ်ယူထားတဲ့ ဒရုန်း (ရုပ်/သံ)

ခွန်အားမျှပါ သိန်းငါးထောင်ကမ်ပိန်းက ရရှိလာတဲ့ ငွေကြေးနဲ့ ဝယ်ယူထားတဲ့ ဒရုန်းကို Eagle wings Drone Force အဖွဲ့က ပြည်သူတွေထံ ပြသလိုက်ပါတယ်။
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ  စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်ထားသည့် မဲရုံကို ဒရုန်းဖြင့် ‌ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ပြုလုပ်တဲ့ ရွေးကောက်ပွဲအတုရဲ့ မဲရုံကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ လုံခြုံယူထားတဲ့ စစ်သား ၅ ယောက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ Dragon Squad – TNI က သတင်းထုတ်ပြန်ထားပါတယ်။