ဆောင်းရာသီ ဝင်ရောက်လာပြီ ဖြစ်တာကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် အနွေထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ထံက  သိရပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး ရေဦးနယ်တဝိုက်မှာ စစ်ကောင်စီက မကြာခဏဆိုသလို ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုတွေကို လုပ်ဆောင်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးကို ဆိုးဝါးစွာ ခံစားနေခဲ့ရတာပါ။

ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)
ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)
ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)

လက်ရှိမှာ ဆောင်းဝင်လာပြီဖြစ်တာကြောင့် စစ်ဘေးသင့် ပြည်သူတွေ၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေဟာ အနွေးထည်နဲ့ စောင်ခြုံတွေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

“ရေဦးနယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်တွေတုန်းက စကစ စစ်ကြောင်းတွေဝင်ရောက် မီးရှို့ထားကြတဲ့ ကျေးရွာပေါင်း (၅၀) ကျော်ရှိတယ်။ မီးလောင်ခံရတဲ့ အိမ်ခြေပေါင်းက ၃၅၀၀ ကျော်ရှိတယ်။ မီးဘေးသင့် ပြည်သူတွေက သောင်းကျော်ရှိနေပါတယ်။” လို့ ကိုထူးခန့်ဇော်က မောင်းကို ပြောပါတယ်။

ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)
ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)
ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေတာတွေ မရှိတော့ပေယ့် လာမယ့်ပွင့်လင်းရာသီမှာ စစ်ကြောင်းထိုးမယ့် အန္တရာယ်ကို တွက်ဆနေရတာကြောင့် နေရပ်ကို မပြန်နိုင်ဘဲ ၄လကျော်လောက်ထိ စစ်ရှောင်နေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကိုထူးခန့်ဇော်က ဆက်လက်ပြီး “ဆောင်းတွင်းကာလကြီးမှာ ပြေးကြရ၊ လွှားကြရမယ့် အဘိုးအဖွားတွေ ကလေးသူငယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အနွေးထည်နဲ့ ခြုံစောင်တွေက အရမ်းကိုလိုအပ်နေတယ်။ အရင်က ပစ္စည်းတွေကလည်း မီးထဲပါသွားကြတာဆိုတော့ မလောက်ငှနေကြပါဘူး။” လို့ ပြောပါတယ်။

စစ်ရှောင်နေကြတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် အနွေးထည်နဲ့ စောင်ခြုံတွေ လိုအပ်လျက်ရှိနေတာကြောင့် လှူဒါန်းထောက်ပံ့လိုသူတွေ အနေနဲ့ t.me/htookhantzaw5 နဲ့ t.me/generationz122021 တယ်လီဂရမ်ကို ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ ကိုထူးခန့်ဇော် (အမေ့သား) က ဆိုပါတယ်။

ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)
ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)
ရေဦးမြို့နယ်က စစ်ရှောင်ပြည်သူများ (ဓာတ်ပုံ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး)
0 Shares:
You May Also Like
Read More

တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ စစ်ကော်မရှင်တပ်က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကြည်ပြာ နှင့် ခင်ပွန်းတို့အား စုံစမ်းစစ်ဆေးမှု ၁ လ ကျော်ကြာလာသောကြောင့်  ထုတ်ပြန်ပေးရန် NUG အစိုးရကို Queer အဖွဲ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကာလ ၁ လကျော်ကြာသွားပြီးဖြစ်တဲ့အတွက် NUG အစိုးရအနေနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးဖို့ Queer အဖွဲ့အစည်းများက တိုက်တွန်းလိုက်ပါတယ်။
Read More

မောတောင် မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း BPLA ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ဦး သေဆုံး၊ (၄) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြု

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲဖြစ်မှာကြောက်လို့ ကျောင်းမတက်တဲ့ ကလေးတွေကို စစ်ကောင်စီ ဖိအားပေး ကျောင်းတက်ခိုင်းနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ အမှတ် ၃၄၄ အမြောက်တပ် (အမတ ၃၄၄) အနီးမှာရှိတဲ့ ကျောက်ခဲချောင်းကျေးရွာ မူလွန် စာသင်ကျောင်းက ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးကာ ကျောင်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။