ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အင်အား ၇၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက အဆိုပါ ညောင်ပင်ဇီးရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

မီးငြှိမ်းသတ်နေတဲ့ PDF များကို တွေ့ရစဉ်
မီးငြှိမ်းသတ်နေတဲ့ PDF များကို တွေ့ရစဉ်

“ညောင်ပင်ဇီးရွာမှာ PDF ၃၈၀၃ တပ်ရင်းက တစ်လခွဲလောက်ရှိပြီ တပ်ဆွဲထားတာ၊ ၁၁ ရက်နေ့မှာ စကစတွေ စစ်ကြောင်းထိုးလာတော့ ထိတွေ့တိုက်ပွဲ မဖြစ်အောင်လို့ ၃၈၀၃ က ဆုတ်ခဲ့တယ်။ အဲ့ဒါကို အိမ်တွေချည်းပဲ ၁၅ လုံးကျော်ကို မီးရှို့ပြီး ၁၂ ရက်နေ့မှာ စကစ စစ်ကြောင်းက ပြန်ဆုတ်သွားတာပါ။” လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ စတင်စစ်ကြောင်းထိုးကတည်းက ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် လက်ရှိမှာတော့ ပြည်သူ ထိခိုက်သေဆုံးမှု မရှိသေးဘူးလို့ ဆိုပါတယ်။

မီးငြှိမ်းသတ်နေတဲ့ PDF များကို တွေ့ရစဉ်
မီးငြှိမ်းသတ်နေတဲ့ PDF များကို တွေ့ရစဉ်

စစ်ကောင်စီတပ်တွေ ဆုတ်ခွါသွားပြီးနောက်တစ်ရက် နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ ညောင်ပင်ဇီးရွာက မီးရှို့ခံလိုက်အိမ်တွေကို မီးငြှိမ်းသတ်တာတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူ ၁၀၀ ကျော်လောက်ရှိနေပြီး နောက်တစ်ရက်ထိ မီးလောင်နေဆဲ နေအိမ်တွေကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လက်ပံတန်း) ၊ ဂဠုန်တပ်ဖွဲ့ (သာယာဝတီ၊ ၃၈၀၂၊ ခွဲ(၂)၊ (၃) တို့ပူးပေါင်းမီးငြှိမ်းသတ်ကာ နယ်မြေရှင်းလင်းရေးကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မီးငြှိမ်းသတ်နေတဲ့ PDF များကို တွေ့ရစဉ်
0 Shares:
You May Also Like
Read More

ဘိလိယက်ထိုးရင်း ဖမ်းဆီးခံရသည့် ခလရ ၂၅၇ မှ တပ်ရေးဗိုလ်ကြီး ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖူလုံရွာမှာ ဘိလိယက်လာထိုးတဲ့ ခလရ (၂၅၇) တပ်က တပ်ရေးဗိုလ်ကြီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးချိန်မှာ ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။ ဒီဇင်ဘာ ၃ရက် ညနေ ၄နာရီလောက်မှာ ခလရ (၂၅၇) တပ် ဘေးမှာရှိတဲ့ ဘိလိယက်ခုံမှာ ဘိလိယက်ထိုးနေတဲ့ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ဖမ်းဆီးခေါ်ဆောင်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေဆီက လက်နက်လုပြီး ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဆိုပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ရန်ကုန်ဗျူဟာစစ်​ကြောင်းထံ စစ်မှုထမ်း တပ်သား ၂ ဦး လက်နက်များဖြင့် အလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

NUG ရဲ့ တောင်ပိုင်းစစ်ဒေသမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၇) ယောက်သေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ (၈) ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖရဲသီးသတင်းပေးမှုကြောင့် အုတ်ဖိုမှာ စစ်တပ် ဗိုလ်ကြီး ၁ယောက်နဲ့ တပ်ကြပ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဖရဲသီးရဲ့ သတင်းပေးပို့မှုကြောင့် ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဗိုလ်ကြီး ၁ယောက်အပါအဝင် စစ်သား ၂ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို TNLA အမျိုးသမီး စစ်သည်တွေ ဦးဆောင်ပြုလုပ်ခဲ့…

တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ (၃) နယ်မြေ တစ်နေရာမှာ TNLA အမျိုးသမီးစစ်သည်တော် ကော်မတီတွေက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များထံ ပျူ ၁ ဦးနှင့် စစ်သား ၂ ဦး အလင်းဝင်လာ

ပဲခူးအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပျူစောထီး ၁ ယောက်နဲ့ စစ်သား ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။