စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၁၃ရက်၊ မနေ့က မနက်အစောပိုင်းမှာ မြင်းမူမြို့ ဝန်ထမ်းအိမ်ရာဝန်းထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားအယောက် ၂၀နီးပါးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် အထိုင်စခန်းအထိ ဝင်ရောက်စီးနင်းဖို့ကြိုးစားခဲ့ပေမယ့် မြေပြင်အနေအထားကြောင့် မအောင်မြင်ခဲ့ဘူးလို့ Moe Nyo Revolution Force (M.N.R.F) အဖွဲ့က ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဘက်က အမြင့်ပိုင်းနေရာကနေ စက်​သေနတ်တွေနဲ့ ပစ်ခတ်နေသလို မြင်းမူမြို့ထဲ တပ်စွဲထားတဲ့ စစ်တပ်သံပြားကာ ကားတွေ စစ်ကူရောက်လာတာကြောင့် ပြန်ပြီးဆုတ်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။

“သူတို့တပ်စွဲနေတဲ့ အဆောက်ဦးက လေးထပ်အဆောင်ဗျ။ အာဏာသိမ်းပြီးတည်းက ဝင်နေနေတာပေါ့။ အဲ့တော့အမြင့်ကနေလည်း ပစ်ကြတယ်။ နောက်ပြီး သူတို့ဘက်က ပြည်သူတွေရဲ့ နေအိမ်တွေဘက်ကို လက်နက်ကြီးတွေထုတယ်။ အဲ့ဒါ မြို့ထဲက ပြည်သူ ၃ယောက် ဒဏ်ရာရပါတယ်။ အဓိကကတော့ ကျနော်တို့ဘက်က လက်နက်မပြည့်စုံတာလည်း ပါပါတယ်။ အဲ့ဒါကြောင့်မသိမ်းနိုင်ခဲ့တာပါ။ ကျနော်တို့က ထောက်ပံ့ခံရတာ အားနည်းတာလည်း ပါပါတယ်” လို့ Moe Nyo Revolution Force (M.N.R.F )အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Moe Nyo Revolution (M.N.R.F )အဖွဲ့နဲ့အတူ Dog Killers People’s Defence Force (DK-PDF MMU) ၊ မြင်းမူမြို့နယ် ပကဖ ၊ ဇေယျာ​ရွှေမြေ၊ မြင်းမူမြို့နယ်အနောက်ခြမ်းပကဖ ၊ စစ်ကိုင်းမြို့နယ် တိုက်ခိုက်ရေးတပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်စစ်မြေပြင်မှာ KNDF တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်စစ်မြေပြင်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖမ်းဆီးမှုကို ပြန်လည်ခုခံသည့် ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင်၊ ခွေးရဲချင်ရုပ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ ဖမ်းဆီးခံရချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

အထွေထွေဖိနှိပ်မှုတွေကို အန်တုပြီး စစ်ကောင်စီကို ထွက်ပေါက်မပေးဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖားကန့် −ဆိပ်မူ လမ်းတစ်နေရာတွင် ပိန်းဥတူးနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်−ဆိပ်မူသွား လမ်းတစ်နေရာမှာ ပိန်းဥတူးနေတဲ့ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။