အမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် ကျန်ရှိတပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်လိုက်ပါတယ်။

အမ်းကို ထိန်းချုပ်ပြီးရင် ရခိုင်ဒေသတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ အလုံးစုံချုပ်ငြိမ်းရေကို လုပ်ဆောင်သွားမယ်လို့လည်း AA က ဆိုပါတယ်။

ရခိုင်နဲ့ ပလက်ဝဒေသ စစ်ဆင်ရေး (၁) နှစ် ပြည့်ချိန်မှာ အာရက္ခတပ်တော် (AA) က မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခ ပြည်သူ့တော်လှန်ရေးကာလမှာ ပုံစံမျိုးစုံနဲ့ အားပေးထောက်ခံကူညီသူအားလုံးကို ကျေးဇူးတင်တယ်လို့လည်း AA က ဆိုပါတယ်။

(ဓာတ်ပုံ AA Info Desk)

AA ဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်နှစ်ပြည့်ချိန်အထိ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ထိုးစစ်စတင်တဲ့ရက်ကနေ တစ်နှစ်ပြည့်တဲ့အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်ခြင်းမရှိဘူးလို့ ဆိုရလောက်တဲ့အထိ နေ့စဉ်ရက်ဆက်ထိုးစစ်တွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ရန်သူရဲ့ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်တွေကြောင့် ရခိုင်နဲ့ ပလက်ဝဒေသ တစ်ခွင်လုံးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

တပြိုက်နက်တည်းမှာ ရန်သူ့ပစ်မှတ်တွေကို မဟာဗျူဟာမြောက် အလစ်အငိုက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူရဲ့ အားနည်းချက်ကို အပြည့်အဝ အသုံးချနိုင်ခဲ့လို့ အချိန်တိုအတွင်း အောင်မြင်မှုတွေ ရရှိခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

AA ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်မှာ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ နယ်ခြားစောင့်စခန်းကို စတင်တိုက်ခိုက်ပြီး စစ်ဆင်ရေးကိုစတင်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ AA Info Desk)

လက်ရှိမှာ ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ‌ပေါက်တော၊ သံတွဲ နဲ့ ကျိန္တလီမြို့တွေက ရန်သူ့စခန်းအားလုံးကို စစ်ဆင်ရေး (၁)နှစ် မပြည့်ခင် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကျိန္တလီ၊ ဂွ၊ တောင်ကုတ်နဲ့ နပခ စစ်ဌာနချုပ်ရှိရာ အမ်းမြို့ကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်လိုက်ပါတယ်။

0 Shares:
You May Also Like
Read More

မာနယ်ပလောကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings တရားဝင်ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်နေရာဟောင်းရှိရာ မာနယ်ပလောစခန်းကို KNLA ၊ KNDO ဦးဆောင်မှုနဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ကိုထိန်လင်း၏ နယူးယောက်နှင့် ဘော်စတွန် ခရီးစဉ်ကနေ ထောက်ပံ့ငွေ ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိ၊ မြန်မာပြည်တွင်းရှိ လိုအပ်နေသည့်နေရာများကို ထောက်ပံ့သွားမည်…

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်အဲရစ်(ခ) ကိုထိန်လင်းရဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ နဲ့ ဘော်စတွန်မြို့ ခရီးစဉ်ကနေ အမေရိကန်ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိခဲ့တယ်လို့ ကိုထိန်လင်းက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ယင်းမာပင်ခရိုင်အတွင်း ဗုံးခိုကျင်းများ ကြိုတင်တူးထားကြဖို့ ခရိုင် (ပ.အ.ဖ) တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

NUG ၏ လူသားစာနာ ဝန်ကြီးဌာနမှ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်း ပံ့ပိုးပေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၉၈.၃၂) သန်းကို အမှန်တကယ် အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

တော်လှန်ရေးအတွက်ရှေးရှူတဲ့ မြို့နယ်လုံးဆိုင်ရာ “စကားရည်လုပြိုင်ပွဲ” ဝက်လက်မြို့နယ် ဗကသ ဦးဆောင်ပြုလုပ်

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အကြိုအနေနဲ့ "စကားရည်လုပြိုင်ပွဲ" တစ်ရပ်ကို ဝက်လက်ဒေသမှာ ၃ရက်ဆက်တိုက် ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။