မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခလရ (၆၁) က နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေကို လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုဟာ စာသင်‌ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ပြည်သူလူထု ထိခိုက်မှုမရှိဘဲ စာသင်‌ကျောင်းအဆောက်ဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Daw Na Column-P29902 (ဒေါနစစ်ကြောင်း))
(ဓာတ်ပုံ Daw Na Column-P29902 (ဒေါနစစ်ကြောင်း))

ဒေါနတပ်ရင်းအနေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ရေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးပူပေါင်း မဟာမိတ်တပ်ဖွဲ့တွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ ဒေါနတပ်ရင်း တပ်ခွဲ (၂) ဒေါနကျားတပ်ခွဲ၊ ဒေါနတပ်ရင်း တပ်ခွဲ (၃) YGF တပ်ခွဲ၊ ဗျူဟာ (၃၃) အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ KNLA တပ်ရင်း (၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း(၁) နဲ့ YRF တို့ ပါဝင်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Daw Na Column-P29902 (ဒေါနစစ်ကြောင်း))
(ဓာတ်ပုံ Daw Na Column-P29902 (ဒေါနစစ်ကြောင်း))
0 Shares:
You May Also Like
Read More

စစ်ကောင်စီအမြစ်ပြတ်ရေး အခွင့်အခါကောင်းဖြစ်လို့ အားလုံးနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ KIA အသိပေး

စစ်ကောင်စီကို တိုင်းပြည်မှာ လုံး၀မရှိစေမယ့် အမြစ်ပြတ်စစ်ဆင်ရေးကို ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ လက်တွဲဖော်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
Read More

ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ယောက်အပါအဝင် စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းလာသည့် စစ်သင်္ဘော ၃စီးအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ သင်္ဘောတစ်စီး မီးလောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော ၃စီးကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောတစ်စီး မီးလောင်သွားတယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၄) Black Leopard Force (BLF) ထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရေနစ်မြုပ်၊ လယ်ဧက (၃၀,၀၀၀)ကျော် ပျက်စီး၊ စာသင်ကျောင်း (၃၇) ကျောင်း ယာယီရပ်နားထားရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀) ရေနစ်မြုပ်ပြီး လယ်ဧက (၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတဲ့အပြင် စာသင်ကျောင်း (၃၇)ကျောင်း ကျောင်းတက်မရဘဲ ယာယီကျောင်းပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို  စစ်ကောင်စီက ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန၏ စစ်မြေပြင် ဆေးပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်ဆေးဌာနက ဖွင့်လှစ်တဲ့ စစ်မြေပြင်အခြေပြု အခြေခံ ဆေးပညာသင်တန်း အပတ်စဥ် (၁/၂၀၂၅) ကို ပဲခူးတိုင်းစစ်ဌာန၊ စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။