ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ၄ လတာ ဖြစ်ပွားခဲ့တဲ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၅၃ ယောက် သေပြီး ၁၇ ဦး အလင်းဝင်ရောက်ခဲ့ပြီး စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Defense Force (CDF) – Hakha က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၂ ရက်ကနေ နိုဝင်ဘာလ ၁၂ ရက်အထိ ၄ လတာအတွင်း ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာ Mi 17 ရဟတ်ယာဉ် ၁ စီးကို အမြီးပိုင်း ပျက်စီးတဲ့အထိ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ၅၃ ယောက် သေဆုံးပြီး ၆ ယောက် အရှင်ဖမ်းမိကာ ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဟားခါးမြို့နယ်အတွင်း တာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၁၃ ယောက်နဲ့ စစ်သား ၄ ယောက် စုစုပေါင်း ၁၇ ယောက်က CDF – Hakha ဆီ လက်နက်ချအလင်းဝင်ရောက်ခဲ့ကာ စုစုပေါင်း လက်နက် ၄၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက် ၉ လက် ယူဆောင်လာသလို တိုက်ပွဲတွေကနေ ၆၀ မမ၊ MA-15 နဲ့ M79 အပါအဝင် စုစုပေါင်း လက်နက် ၅၂ လက် ရရှိခဲ့ပြီး ဟားခါးမြို့ကနေ ထန်တလန်မြို့ကို စစ်ကောင်စီ တပ်သားတွေ စစ်ကူ မသွားရောက်နိုင်အောင် ၈၂ ရက်ကြာ ပိတ်ဆို့ တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေ ခက်ခဲနေတဲ့ကြားက မြို့ပတ်ရထားလက်မှတ်ခတွေကို စစ်ကောင်စီ တိုးမြှင့်ကောက်ခံမယ်

ဒီဇယ်စျေးမြင့်တက်လာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက လက်မှတ်ခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံတော့မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရှမ်းတောင်မှာ PNLA နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဖော်ဆောင်နေ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘုတလင်မှာ ဗကသများအဖွဲ့ချုပ်က ကိုဖုန်းမော်ကျဆုံးခြင်း (၃၇) နှစ်ပြည့်နှင့် တံတားနီအရေးအခင်း (၃၇) နှစ်ပြည့်အဖြစ် စာ‌စောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ ကိုဖုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည်နဲ့ မတ်လ ၁၆ ရက်မှာ ကျရောက်တဲ့ တံတားနီနေ့ အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီဇင်ဘာ တတိယပတ်အတွင်း အလင်းဝင်သူနှင့် စစ်သုံ့ပန်း စစ်သားစုစုပေါင်း အယောက် ၂၀ ရှိခဲ့

ဒီဇင်ဘာလ တတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကော်မရှင်အဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း အယောက် ၂၀ ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မတရား စုဆောင်းခြင်းခံထားရသူအများစုပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင်ဖွင့်လှစ်

အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင် သင်တန်းပေးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။