ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်၊ မနေ့က ညနေပိုင်းမှာ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း ခေါ် ဘိုခြံလမ်းပေါ်က ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ​ဖြစ်ပြီး စစ်ကောင်စီဘက်တော်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးဖော်ဆောင်မှုကို Operation Flame (OF) အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သူတွေလည်း ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

“လောလောဆယ် ရန်သူထိခိုက်မှု အတိအကျ ပြောဖို့တော့ ခက်ပါတယ်ဗျ။ ဒါပေမယ့် ကျနော်တို့ ဖောက်ခွဲအပြီး အခင်းနေရာကို ဆေးရုံကားတွေ ရောက်လာတယ်ဆိုတော့ ထိခိုက်မှုတွေရှိပါတယ်။ ​တဆက်တည်းမှာပဲ စခနဲ့ ရခကားတွေရောက်လာပြီး အခြေအနေတွေ ရှုပ်နေလို့ ရဲဘော်တွေအမြန်ဆုတ်လာရပါတယ်” လို့ မြို့ပြကြွက် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သူကပဲ ဆက်လက်ပြီး “အဲ့ရုံးမှာ စခတွေရယ် ၊ စခ နောက်လိုက် လူမိုက်တွေရယ် အမြဲရှိတတ်ပါတယ်။ ညဘက်ဆို လမ်းသွားလမ်းလာတွေကို မထင်ရင် မထင်သလို စစ်ဆေးပြီး ငွေညှစ်တယ်။ ရပ်ကွက်ထဲ ဧည့်စာရင်း မထင်ရင် မထင်သလို စစ်ပြီး စစ်မှုထမ်းပါတဲ့လူတွေဆို မတရား ပိုက်ဆံတောင်းနေကျပါ” လို့ ပြောပါတယ်။

မြို့ပြတော်လှန်ရေးအဖွဲ့တွေအနေနဲ့ ရှေ့ဆက်တိုက်ခိုက်သွားမယ့် စစ်ရေးပစ်မှတ်တွေ​ရှိကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ရဲ၊ စစ်တပ်တွေ အနီးနားမှာ မနေကြဖို့လည်း မြို့ပြကြွက်က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းပေါ်က ရွာမအစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Dark Shadow တပ်ဖွဲ့က အလားတူ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းမှ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါ ၁၅ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းကနေထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေ‌ဆုံးသူတွေ ရှိခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဗုံး (၃၀) လုံးနှင့် အဆိပ်‌ငွေ့ဗုံး (၃) လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးအလုံး (၃၀) နဲ့ အဆိပ်ငွေ့ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမှာ ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကျွန်းတောဆင်း ၃ လမ်းမှာ ဇန်နဝါရီလ ၁၁ ရက် မနက် ၁၂ နာရီခန့်က ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့နေထိုင်တဲ့သူတွေဆီက သိရပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းအစပ်မှာ စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆိပ်ငွေ့ပြားတွေ ထည့်သွင်း အသုံးပြုနေတယ်လို့ KNDF ပြော

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်တချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ရာမှာ အဆိပ်ငွေ့ပြားတွေကိုပါ ထည့်သွင်းအသုံးပြုလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတိပေး ထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်ကို စစ်တပ်နှင့် ပူးပေါင်းဖြိုခွင်းခြင်းက ပြဿနာ အရင်းခံကို မဖြေရှင်းနိုင်ဘဲ ပိုမိုဆိုးဝါးစေဟု KNU ပြော.. နိုင်ငံတကာ ကျားဖြန့်တိုက်ဖျက်ရေး လုပ်ငန်းများတွင် KNU ပူးပေါင်းဆောင်ရွက်ရန် ကတိပြု..

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဒေသတွင်း အလျင်အမြန် ပျံ့နှံ့လာနေတဲ့ နိုင်ငံတကာဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို သတိထား နီးစပ်စွာ စောင့်ကြည့်နေခဲ့ပြီး အဆိုပါ ကျားဖြန့်လုပ်ငန်းတွေအပေါ် နိုင်ငံတကာရဲ့ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။