တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်၊ မြိတ်မြို့နယ် နဲ့ တနင်္သာရီမြို့နယ်တို့က လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က အသိပေးထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက မြိတ်ခရိုင်အတွင်း စစ်ကြောင်းထိုးရာနေရာတွေမှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှိနေပြီး ပြည်သူတွေကို အကာအကွယ်ယူကာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တိုင်းစစ်ဌာန (တနင်္သာရီ) ဗျူဟာ (၃၅) နယ်မြေ ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေ၊ ပူးပေါင်းစစ်ကြောင်းတွေက အဲဒီမြို့နယ်တွေမှာ စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး  စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်တွေကိုပါ တိုက်ခိုက်ရှင်းလင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“လောလောဆယ်မှာတော့ အချိန်ကန့်သတ်ထားတာ မရှိပါဘူး။ စစ်ရေးအခြေအနေပေါ် မူတည်ပါတယ်။ ညဘက် သွားလာခွင့် ပိတ်တာကလည်း ပြည်သူတွေ ထိခိုက်မှုမရှိစေချင်လို့ပါ။” လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက မောင်းကို ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ပုလောမြို့နယ်မှာ ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ်မှာ မြိတ်မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံကနေ သာရမဲ၊  အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတလျှောက်နဲ့ တနင်္သာရီမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးမှာ မနက်(၆)နာရီ ကနေ ညနေ(၆)နာရီအတွင်းသာ သွားလာကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ခရီးသွားတွေအနေနဲ့ မှန်ချပြီး မောင်းနှင်ကြဖို့နဲ့ ကုန်တင်ကားတွေလည်း အလုံပိတ်ဖုံးအုပ်တာတွေ လုံးဝမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

ရဲဘော်ကိုချမ်းက ဆက်လက်ပြီး “စစ်ကောင်စီက အရပ်သားကားတွေ အသုံးပြုပြီး အသွင်ယူသွားလာတာ…လက်နက်ခဲယမ်း သယ်တာတွေ ရှိနေပါတယ်။” လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လေးနက်စွာ တားမြစ်ထားတာတွေကို မလိုက်နာဘဲ အကြောင်းတစုံတရာ ပေါ်ပေါက်လာရင် သက်ဆိုင်သူတွေရဲ့ တာဝန်သာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်တွင် မြို့နယ် ပအဖ ဦးဆောင်မှုဖြင့် ပျက်စီးနေသည့် ဆက်သွယ်ရေးလမ်းမကြီး ပြန်လည်ပြုပြင်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။
Read More

KNDF ရဲ့ အမှတ် (၄) စစ်နည်းဗျူဟာသင်တန်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ အမှတ် (၄) စစ်နည်း ဗျူဟာ သင်တန်းက ရဲဘော်ရဲမေတွေရဲ့ ပုံရိပ်တွေကို KNDF တပ်ရင်းအမှတ် ၅ က ဒီဇင်ဘာ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို  IEC ခေတ္တပိတ်ထား

ကရင်နီပြည်နယ်အတွင်းက စစ်ရေးအခြေအနေတွေအရ စစ်ကောင်စီဘက်က ဘော်လခဲကနေ တန်ပြန်ထိုးစစ်ဆင်လာနိုင်တာကြောင့် မော်ချီးဒေသလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က မတ်လ ၄ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တိုင်းပြည် အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း စစ်တပ်က ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် စိုးဝင်း ပြော

တိုင်းပြည်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတိုင်း နိုင်ငံမပြိုကွဲရအောင် တပ်မတော်က ကယ်တင်နိုင်ခဲ့တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ဒုတိယ ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

မအူပင်မြို့ပေါ် စစ်ကောင်စီ ပေါ်တာဆွဲမှုကြောင့် ညဘက် လမ်းဘေးဈေးဆိုင်တွေလည်း ဝယ်ယူစားသုံးသူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းတွင် စစ်အုပ်စု အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး​ ဝင်ရောက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ​အရပ်သားတွေစိုးရိမ်တကြီး တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။