နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ “ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်”မှာ  ဦးနေဘုန်းလတ်က PDF တွေကို ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။

တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ်တွေကို ရက် ၄၀ ဒါမှမဟုတ် ရက် ၅၀ တစ်ကြိမ် ပို့ဆောင်ပေးနေတာဖြစ်ပြီး မြေပြင်ကို ထိရောက်အောင် ပံ့ပိုးထောက်ပံ့ပေးနိုင်တာ ဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြည်သူကို သတင်းစကားပေးပါတယ်။

“တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ်တွေကို ပို့ရာမှာ လစဉ်ပို့ဆောင်ခြင်းမျိုး မဟုတ်ဘဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တစ်ကြိမ်ပို့ဆောင်ခြင်းဖြစ်ပါတယ်။ PDF တပ်ရင်းအားလုံးကို အကြိမ် တစ်ကြိမ်ပို့ပေးရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကျသင့်ပါတယ်။ လက်ရှိ PRF က ပြီးခဲ့တဲ့ တစ်နှစ်စာ အကျဉ်းချုပ်ကို ကြည့်ပြီးတွက်ရင် တစ်လ ပျမ်းမျှ ဒေါ်လာ ၈ သိန်း နီးပါးရရှိတဲ့အတွက် PRF ထောက်ပို့တပ်သားအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်”လို့လည်း ဦးနေဘုန်းလတ်ကဆိုပါတယ်။

ထောက်ပံ့မှုအတွင်း  လိုငွေကို ပြည်ထောင်စုဘက်ဂျက်ကနေ ဖြည့်ဆည်းပြီး ပြည်ထောင်စုဘက်ဂျက်က ရရှိငွေဟာ ရိက္ခာနဲ့ အထွေထွေအသုံးစရိတ်မဟုတ်တဲ့ တခြားသော အရေးကြီးကိစ္စရပ်တွေမှာလည်း သုံးစွဲရတာဖြစ်လို့ PRF မှာ ထောက်ပို့တပ်သားတွေ ထပ်မံရရှိဖို့လည်း အရေးတကြီးလိုအပ်နေတယ်လို့ ဦးနေဘုန်းလတ်က တောင်းဆိုလိုက်ပါတယ်။

မိမိတတ်နိုင်တဲ့ ပမာဏနဲ့ PRF ထောက်ပို့တွေအဖြစ် ပါဝင်နေခြင်းဟာ မြေပြင်က PDF တပ်သားတွေအတွက် တိုက်ရိုက် ထောက်ကူနေခြင်းဖြစ်သလို တော်လှန်ရေးအောင်မြင်ရေးအတွက် ထိရောက်တဲ့ ထောက်ကူမှုဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က သတင်းစကားပေးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတရဲ့ နှစ်သစ်ကူးလွတ်ငြိမ်းသာသာခွင့်အမိန့်အရ ပုလဲ ပအဖ က အကျဥ်းသား ၅ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ၁ / ၂၀၂၅ အရ လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ ပုလဲမြို့နယ် အကျဉ်းထောင်က အကျဉ်းသား ( ၅ ) ယောက်ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် တရားစီရင်ရေးအဖွဲ့တို့က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေရဲ့ သီတင်းကျွတ်ကာလ ဖြတ်သန်းမှု ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရဲဘော်တွေ သီတင်းကျွတ်အခါသမယကို ဆင်နွှဲနေတဲ့ မြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ၊ ၃၇ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ (၁၂) ယောက်အထိ ရှိလာပြီး (၃၇) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်ကို ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကလေးငယ်များ၏ပညာရေး မဆုံးရှုံးစေရန်နှင့် ပညာရေးနောက်ကျခြင်း မရှိစေရေး ဆောင်ရွက်ပေးရမည်ဟု စာသင်ကျောင်းများကို ဗုံးကြဲနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုပြန်

နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ကလေးငယ်တွေရဲ့ ပညာရေး မဆုံးရှုံးစေဖို့နဲ့ ပညာရေးနောက်ကျခြင်း မရှိစေရေး ဆောင်ရွက်ပေးရမယ်လို့ ပြောဆိုလိုက်ပြန်ပါတယ်။
Read More

လောင်းလုံး မြို့မရဲစခန်းနှင့် စ.ရ.ဖရုံး ဒရုန်းဖြင့် ၃ ရက် ဆက်ဗုံးကြဲခံရပြီး ဒုရဲအုပ်အပါ ၆ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မ ရဲစခန်းနဲ့ စ.ရ.ဖ ရုံးတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ်အဆင့်ရှိသူ အပါအဝင် ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ သွားတယ်လို့ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။