ရန်ကုန်ကို ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေနဲ့အတူ ရဲဘော်တွေကို လက်နက်​ပြည့် တပ်ဆင်ပေးနိုင်ဖို့ မျှော်လင့်ခြင်း ရန်ကုန်ဆိုတဲ့ ကမ်ပိန်းလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းက မောင်းကို ပြောပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ လူအင်အားအလိုက် လက်နက်ပြည့် တပ်ဆင်နိုင်ခြင်းမရှိသေးသလို စစ်တောင်းမြစ်ဝှမ်းနဲ့ ရန်ကုန်မှာ ပြောင်းရွှေ့ဖော်ဆောင်မယ့် ဗျူဟာမြောက် စစ်ရေးပုံဖော်မှုတွေအတွက် ကမ်ပိန်းပြုလုပ်ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ရဲ့မျှော်လင့်ခြင်း ရန်ကုန် ကမ်ပိန်းပိုစတာများ

“ကျနော်တို့ရဲဘော်အင်အားနဲ့ လက်နက်အင်အားမမျှတော့ တိုက်ပွဲတိုင်းကို လူချိန်းချိန်းပြီး သွားနေရတယ်။ တချို့ရဲဘော်တွေဆို သူတို့လိုက်ရတဲ့အလှည့်ကျ စခနဲ့မတွေ့ဘူး။ အခြားသူလိုက်ရရင်တွေ့တယ်ဆိုပြီး သိမ်ငယ်တဲ့စိတ်တွေဖြစ်ကြတယ်။ သူပစ်ရမလား။ ကိုယ်ပစ်ရမလား။ ဘယ်သူကံကောင်းမလဲပေါ့။ ​ဒါကြောင့် လက်နက်ပြည့်ဆင်နိုင်ဖို့ ကမ်ပိန်းလုပ်ရတာပါ။ ကမ်ပိန်းကရတဲ့ ငွေတွေအကုန်လုံး လက်နက်ပဲဝယ်မှာပါ” လို့ ရဲဘော်ကိန်းက မောင်းကို ပြောပါတယ်။

လက်ရှိမှာ အသင့်တင့် သေနတ်တစ်လက်ကို ထိုင်းဘတ်ငွေ ၁ သိန်း ၃ သောင်းဝန်းကျင်အထိ စျေးပေါက်နေသလို သယ်ယူပို့ဆောင်ရေး အခက်အခဲမရှိအောင် ကိုယ်တိုင်ဝယ်ယူရတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့အနေနဲ့ ပြည်သူတွေလှူထားတဲ့ငွေနဲ့ လက်နက်ဝယ်ယူရမှာ.. ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေမရှိအောင် ​ဖမ်းဆီးမခံရအောင် ကိုယ်တိုင်ဝယ်ယူပါတယ်။ အဲ့တော့ လမ်းကြောင်းအခက်အခဲတွေအပြင် အများကြီးရှိတယ်။ ဝယ်ရတာလည်း များများစားစားမရှိပါဘူး။ ထောက်ပို့အားနည်းတော့ ရှိတာနဲ့ပဲ ကျစ်ကျစ်လျစ်လျစ်ပဲ သုံးရတယ်။ တိုက်ပွဲသွားမယ့်သူတွေကြားထဲပဲ လှည့်သုံးရတယ်ပေါ့။ ရှေ့တန်းဦးစားပေးရတော့ နောက်ချန်လုံခြုံရေးအတွက် မလုံလောက်တာတွေ ရှိလာတယ်။ ဒီကြားထဲ အလိမ်မခံရအောင်လည်း ဝယ်ယူရာမှာ စမ်းပစ်ကြည့်ပြီး စစ်ဆေးရပါသေးတယ်” လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ရဲ့မျှော်လင့်ခြင်း ရန်ကုန် ကမ်ပိန်းပိုစတာများ

“မျှော်လင့်ခြင်းရန်ကုန်ဆိုတဲ့ အဓိပ္ပါယ်က ရန်ကုန်ကိုအမြန်ဆုံးရောက်နိုင်ဖို့ ကျနော်တို့ စုဖွဲ့တည်ဆောက်နေသလို ရန်ကုန်က ပြည်သူတွေကလည်း ကျနော်တို့ရောက်လာဖို့ မျှော်လင့်နေတယ်ပေါ့။ ဒီလိုမျှော်လင့်ခြင်းတွေ ပြီးပြည့်စုံအောင် မျှော်လင့်ခြင်းရန်ကုန်ဆိုတဲ့နာမည်နဲ့လုပ်ဖြစ်တာပါ” လို့ ရဲဘော်ကိန်းက ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)  တိုက်ခိုက်ရေးတပ်ဖွဲ့ (၁) ကို ခရမ်း၊ သုံးခွ၊ ကျောက်တန်းနဲ့ ဒဂုံဆိပ်ကမ်းစတဲ့ တောင်ပိုင်းခရိုင်မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အခုနှစ် ဖေဖော်ဝါရီလအတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက တပ်ခွဲ ၂ ခုနဲ့ စီမံကွပ်ကဲနေတာလို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ရဲ့မျှော်လင့်ခြင်း ရန်ကုန် ကမ်ပိန်းပိုစတာများ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ရက်နေ့၊ KNU ထိန်းချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာမှာလည်း ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ရဲဘော်တွေ ပါဝင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် ထားဝယ်မြို့ပေါ်မှာ စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေ

အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလထဲမှာ စစ်အုပ်စုဟာ မြို့ပေါ်ရှိနေအိမ်တွေကို ဧည့်စာရင်းလိုက်လံစစ်ဆေးမှု ပြုလုပ်နေပြီး ရပ်ကွက်တစ်ခုမှာ လူငယ် ၃ ယောက်ထက်မနည်း ဖမ်းဆီးခံရနိုင်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဒိုက်ဦးထောင်မှာ အာဏာပြ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသူများ ၂ ပတ်ပြည့်သည်အထိ အမျိုးသမီးဆောင် ပြန်မရောက်သေး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ အသစ်ပြောင်းရွှေ့လာတဲ့ ဦးစီးမှူးဆိုသူက နိုင်ကျဥ်းအမျိုးသမီးတွေကို အာဏာပြတိုက်ပိတ်ထားကြောင်းနဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ဆေးဝါးတွေသေချာမပေးကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက မောင်းကို ပြောပါတယ်။
Read More

ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၈လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင်

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၈လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။