ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကျပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲ့လိုအကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်သားတွေ ကင်းလှည့်တာ၊ ကင်းပုန်းဝပ်တာ၊ နယ်မြေရှင်းလင်းတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရခိုင်နယ်စပ်လမ်းကြောင်းနဲ့ နီးတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် AA တွေ ရောက်နေလို့ဆိုတာ အကြောင်းပြချက်ပါ။ အလုပ်ပြနေတဲ့သဘောပဲ။ AA က သူတို့လို ခိုးချောင်ခိုးဝှက်နဲ့ ဝင်ပါ့မလား။ ရှေ့တန်းထွက်ရမှာစိုးလို့ မြို့တွင်းမှာ အလုပ်ပြနေတာ ဖြစ်နိုင်သလို ဒေသခံတွေကို အကြောင်းပြပြီး ငွေညှစ်ဖို့လည်းဖြစ်နိုင်တယ်” လို့ ကျုံပျော်ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းထဲကို ဝင်လာနိုင်တဲ့ လမ်းကြောင်း​တွေမှာလည်း လုံခြုံရေးတင်းကျပ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ခရီးသွားပြည်သူတချို့ဆီက သိရပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရာ အမ်းမြို့အပါအဝင် တောင်ကုတ်၊ မောင်တောစတဲ့ ဒေသတွေမှာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ဧရာဝတီတိုင်းထဲက စစ်သင်တန်းဆင်း တပ်သားအများစုကို ရခိုင်စစ်မျက်နှာဆီ ပို့ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးကာလ ၅နှစ်နီးပါး ရောက်လာချိန် တော်လှန်ရေးကျင့်ဝတ် ချိုးဖောက်မှုများ ရှိလာဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား.. ဖက်ဆစ်စစ်တပ်၏ အမူအကျင့်များ ကူးစက်မခံရဖို့နှင့် တော်လှန်ရေးကိုယ်ခံအားကောင်းဖို့လိုကြောင်း သတိပေး..

“တော်လှန်ရေးအချိန်ကာလ ကြာမြှင့်လာတာနဲ့အမျှ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ကြတဲ့အခါမှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေအပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေးကျင့်ဝတ်၊ စံနှုန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းရွက်နေကြတာဖြစ်ပါတယ်။ ရာထူးအာဏာဆိုတာ တာဝန်အတွက်သာ ဖြစ်ပါတယ်။ အာဏာစည်းစိမ်အတွက် မဟုတ်ပါဘူးဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။
Read More

၂ လနီးပါး ကြာခဲ့တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ၂ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်း၊ ရွာသစ်ရွာကို မီးဝင်ရှို့တဲ့ စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ယောက်သေ၊ ၂ ယောက် ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းဝင်လာတဲ့ အကြမ်းဖက်စ စ်သားတွေက ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးရင်း ဆုတ်ခွာရာလမ်းပိုင်းတွေပေါ်  မိုင်းတွေထောင်သွားခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

တောင်ယမားဆည်ရေ မြင့်တက်လာမှုကို အချိန်နဲ့ တပြေးညီစောင့်ကြည့်နေတယ်လို့ ပုလဲ ပအဖက အသိပေး

စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက တောင်ယမားဆည်ရေမြင့်တက်လာပေမယ့် စိုးရိမ်စရာမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။