ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ သူ့အပေါင်းအပါ ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်တွေက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“ပြောလို့ရတာကတော့ စစ်ကောင်စီတပ်တွေက ဖယ်ခုံတဝိုက်မှာပဲ ဆက်ပြီးတော့ ထိုးစစ်ဆင်လာဖို့ရှိတဲ့ အနေအထားမျိုးရှိနေပါတယ်။” လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလူးရယ်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီဟာ ဖယ်ခုံကနေတဆင့် မိုးပြဲ-လွိုင်ကော် လမ်းတလျှောက်ကို ပြန်လည်စိုးမိုး ထိန်းချုပ်နိုင်ဖို့အတွက် အခုလို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလျက်ရှိနေတယ်လို့ သူက ဆိုပါတယ်။

ခူးပလူးရယ်ကပဲ ဆက်ပြီး“ဖယ်ခုံမြို့တဝိုက် စစ်ဘေးရှောင်တွေက (၉၅၀၀) ဦးကျော် ဝန်းကျင်ရှိပါတယ်။” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ကာလရွာကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်

တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဖယ်ခုံမြို့ ဒေသခံတွေဟာ လက်ရှိမှာတော့ စစ်ရှောင်နေကြရပါတယ်။ မိုးပြဲဘက်က ဒေသခံတွေကတော့ စစ်ရှောင်နေသူတွေရှိသလို တချို့ကလည်း နေရပ်မှာ နေထိုင်ဆဲဖြစ်တာကြောင့် သက်ဆိုင်ရာဒေသအလိုက် တော်လှန်ရေးတပ်ဖွဲ့တွေကနေ ဒေသခံတွေကို လိုအပ်လာရင် ဘေးကင်းရာကို ရွှေ့ပြောင်းပေးဖို့ အစီအစဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့တုန်းကလည်း စစ်ကောင်စီဟာ ဖယ်ခုံမြို့က ကာလကျေးရွာကို တိုက်ပွဲ ဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်နှစ်ယောက် သေဆုံးကာ တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ပြည်သူနေအိမ် ၆ လုံးခန့် ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်တွေဟာ PNO ပြည်သူ့စစ်တွေနဲ့အတူ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကတည်းက ဖယ်ခုံမြို့ကို ရရှိဖို့ စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက် ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

အင်းတော်မှာတိုက်ပွဲပြန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေ

အင်းတော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

ညောင်ခါးရှည် X-Ray ဂိတ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်က စစ်ကောင်စီရဲ့ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါ ပကဖ က အသိပေးထုတ်ပြန်ပါတယ်။
Read More

လေကြောင်းအန္တရာယ် အသိပညာပေးစာစောင်များနှင့် ဗီနိုင်းများ ပြည်သူလူထုဆီ ဖြန့်ဝေခဲ့ (ဓာတ်ပုံသတင်း)

လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို ပြည်သူတွေ အလွယ်တကူ လေ့လာသိရှိ နားလည်ဆောင်ရွက်နိုင်အောင် လေကြောင်းအန္တရာယ် အသိပညာပေး စာစောင်တွေနဲ့ ဗီနိုင်းတွေကို လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေဆီ မျှဝေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမှာ ပေါ်တာဆွဲဖို့ ရဲစခန်းထဲကနေ အရပ်ဝတ်တွေနဲ့ ထွက်လာတဲ့ အဖွဲ့ကို တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ခံ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ အေးမြသာယာရဲစခန်းကနေ အရပ်ဝတ်နဲ့ ထွက်လာတဲ့ အင်အား၅ယောက်ပါအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက် သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။