အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဒေသ၊ PDF (၅၁၀) တပ်ရင်း (Special – 10 PDF) အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းကနေ စစ်ကိုင်းတိုင်းဆီ လက်နက်ခဲယမ်း ပေးပို့ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။

အဲ့ဒီမှတ်တမ်းပုံရိပ်တွေဟာ PDF (၅၁၀) တပ်ရင်းက ရှမ်းမြောက်ကနေ စစ်ကိုင်းမြေဆီကို လွန်ခဲ့တဲ့တစ်နှစ်ကျော်က အခေါက်ခေါက်အခါခါ လက်နက်ခဲယမ်းတွေ ပေးပို့ခဲ့စဥ်က ဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းအတွင်း သပိတ်ကျင်းမြို့နယ်နဲ့ မတ္တရာမြို့နယ် တွေက အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်တဲ့ စစ်ဆင်ရေး တာဝန်တွေကို ပြင်ဦးလွင် ခရိုင် အခြေစိုက် PDF (၅၁၀) တပ်ရင်းက လုပ်ဆောင်ခဲ့ပေမယ့် စစ်ရေး အခြေအနေအရ သတင်းမထုတ်ပြန်ခဲ့ဘူးလို့ သိရပါတယ်။

 

(ဓာတ်ပုံ Special – 10 PDF)

0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဒေသခံတွေက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ လာရောက်အပ်နှံ…

တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာတွေအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို တာဝန်သိ ပြည်သူတွေက ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆီ လာရောက်အပ်နှံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖရူဆိုကိုသွားသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကရင်နီမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခုထက်မနည်း စစ်ကောင်စီက ကျူးလွန်ခဲ့

ကရင်နီပြည်နယ်တဝန်းမှာ စစ်ကောင်စီက  ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု (၁၀၈) ခု ထက်မနည်း ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြေပြန့်ဒေသတွင် စစ်ရေးဖော်ဆောင်ဖို့ MDY PDF လူငယ်များကို ဖိတ်ခေါ်နေ 

မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာ စစ်ရေးတွေ ဖော်ဆောင်ဖို့ တော်လှန်စစ် ဆင်နွှဲလိုတဲ့ လူငယ်လူရွယ်တွေကို ဖိတ်ခေါ်တယ်လို့ မန္တလေး PDF က မနေ့က မတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကပစ ၂၄ မှ ပြန်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခံရကာ ၁၀ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ခုမှ ရဲဘော်၂ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ကြောင်း တောင်ညိုနဂါး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းတွင် စစ်ရေးကြောင့် ပိတ်မိနေသည့်နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ စစ်ကိုင်း-ကျောက်မြောင်း လမ်းပိုင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက မောင်းကို ပြောပါတယ်။