စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြင်းထန်တဲ့ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာသစ်မှာ သတိပေးထားပါတယ်။

နိုဝင်ဘာ ၇ ရက်ကထုတ်ပြန်တဲ့ UNDP ရဲ့ အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ်ကို “မကြုံစဖူး ကပ်ဘေးရဲ့ ချောက်နားရောက်နေပြီ” လို့ ပြောထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ကုန်စည်တွေအပေါ် ကန့်သတ်ချက်တွေ၊ ဒေသခံတွေမှာ ဝင်ငွေမရှိမှု၊ ငွေကြေးဖောင်းပွမှုနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှု သိသိသာသာ လျော့ကျလာတာ၊ မရှိမဖြစ် ဝန်ဆောင်မှုတွေနဲ့ လူမှုဖူလုံရေး ကွန်ရက် ချို့တဲ့ခြင်းတို့ အပါအဝင် အပြန်အလှန်ဆက်စပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

ရလဒ်အနေနဲ့ “အရမ်းထိခိုက်လွယ်နေပြီဖြစ်တဲ့ ပြည်သူတွေဟာ လာမည့်လတွေအတွင်း ပြိုလဲသွားတော့မယ့် အခြေအနေနား ဖြစ်နိုင်နေပြီ” လို့ UNDP က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစလို့ ညီနောင်သုံးဖွဲ့ဝင် အာရက္ခတပ်တော် (AA) ဟာ ရခိုင်ဒေသအတွင်း စစ်ကောင်စီလုံးဝကင်းစင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ပြန်လည် တိုက်ပွဲဝင်ခဲ့ရာမှာ ပြည်နယ်ရဲ့ ထက်ဝက်ကျော်ကို သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်ပါတယ်။

UNDP ရဲ့ အစီရင်ခံစာက ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေအတွင်း ကောက်ယူခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး “ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဟာ ကုန်သွယ်မှု၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး စတဲ့ အရေးပါတဲ့ ကဏ္ဍတွေမှာ ရပ်တန့်လုနီးပါး ဖြစ်နေပြီ” လို့ ဆိုပါတယ်။

ကုန်သွယ်ရေးပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာ ဈေးကွက်တွေကို လက်လမ်းမမီနိုင်တော့တဲ့အတွက် ကုန်ပစ္စည်းတွေ တင်ပို့ခြင်းမပြုနိုင်ဘဲ ဝင်ငွေကျဆင်းလာကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဟာလည်း စိုက်ပျိုးရေးဆိုင်ရာ တူညီတဲ့ အကြောင်းပြချက်တွေကြောင့်ပဲ ပျောက်ကွယ်နေကြောင်း UNDP က ပြောပါတယ်။

(ဓာတ်ပုံ UNDP)

“Rakhine: A Famine in the Making” ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာမှာ “ရခိုင်ပြည်သူတွေ အငတ်ဘေး ကြုံရနိုင်တယ်” လို့ ဖော်ပြထားပါတယ်။

“၂၀၂၅ မတ်လကနေ ဧပြီလအတွင်း ပြည်နယ်တွင်း စားနပ်ရိက္ခာထုတ်လုပ်မှုဟာ ၎င်းတို့လိုအပ်ချက်ရဲ့ ၂၀% သာ ဖြည့်ဆည်းပေးနိုင်မယ်လို့ ခန့်မှန်းချက်အရ” UNDP က ထုတ်ပြန်ပါတယ်။

“မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေ၊ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ တိုးလာပြီး စိုက်ပျိုးရေး ဆက်မလုပ်နိုင်တော့တာနဲ့ ပဋိပက္ခတွေ ပြင်းထန်လာတာကြောင့် ပြည်တွင်းဆန်ထုတ်လုပ်မှု ကျဆင်းနေပါတယ်” လို့လည်း အစီရင်ခံစာက ပြောပါတယ်။

“ပြည်တွင်းပြည်ပ ကုန်သွယ်မှု အားလုံးနီးပါး ရပ်ဆိုင်းနေတာနဲ့အမျှ လူပေါင်း ၂ သန်းကျော် ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကို ကြုံတွေ့ရနိုင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ချက်ချင်း ဝင်ရောက်ခွင့်ပြုဖို့၊ အကူအညီပေးရေးလုပ်သားတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်စေဖို့နဲ့ ဘေးကင်းလုံခြုံမှုရှိစေဖို့၊ လယ်ယာကဏ္ဍ ပြန်လည်ကောင်းမွန်လာစေရေး ငွေကြေးအရင်းအမြစ်တွေ အရေးပေါ်ပံ့ပိုးပေးဖို့ UNDP က တောင်းဆိုထားပါတယ်။

“အရေးတကြီးလုပ်ဆောင်မှုမရှိရင် လူဦးရေရဲ့ ၉၅% ဟာ အသက်ရှင်ဖို့ ရုန်းကန်ရမယ့်ပုံစံကို  ပြန်လည်ရောက်ရှိသွားမှာဖြစ်ပြီး၊ ပြည်တွင်းထုတ်လုပ်မှု ရုတ်ချည်းကျဆင်းခြင်း၊ ဈေးနှုန်းများ မြင့်တက်လာခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းနဲ့ မလုံခြုံမှုများ မြင့်မားလာခြင်းတို့အကြား မိမိကိုယ်ကို ကာကွယ်ဖို့ ထွက်ခွာသွားကြလိမ့်မယ်” လို့ UNDP က သတိပေးထားပါတယ်။

“ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ပြီး အကူအညီတွေအပေါ် ပြင်းထန်စွာ ကန့်သတ်မှုတွေကြောင့် ရခိုင်ဟာ လူသားတွေ နက်နက်ရှိုင်းရှိုင်း ထိခိုက်ခံစားနေကြရတဲ့ အထီးကျန်တဲ့နေရာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိတယ်” လို့လည်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း သမိုင်းဝင်အရှုံးတွေကို သည်းညည်းခံရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ၎င်းရဲ့သက်တမ်းတလျှောက် အားအနည်းဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။
Read More

စစ်တပ်အင်အား ယုတ်လျော့လာမှုနဲ့အတူ စစ်မှုထမ်း အပတ်စဉ် (၈) မှာ လူသစ်စုဆောင်း ဖမ်းဆီးမှုတွေ ပိုမိုဆိုးဝါးလာနေ

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တိုက်တိုင်းရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပရုတ်လုံးလိုပဲ လုံးပါးပါးကာ အင်အားပိုမိုချိနဲ့လာနေပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်မှုထမ်းဆင့်ခေါ်မှုရဲ့ လက်ရှိ အပတ်စဉ် (၈) လူသစ်စုဆောင်းမှုဟာ အရင်အခေါက်တွေထက် ပိုမိုဆိုးဝါးလာပါတယ်။
Read More

ရခိုင်စစ်မျက်နှာက ထွက်ပြေးလာတဲ့ စစ်သား ၁၅၀ ကျော်ကို မကွေးတိုင်းအတွင်း CDF-Asho ဖမ်းမိထား

ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ အရှိုက်ထိုးခံနေရတဲ့ ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲများ

ချင်းပြည်နယ်ရဲ့ အရေးပါတဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ထန်တလန်၊ ဖလမ်း၊ မင်းတပ် မြို့သိမ်းတိုက်ပွဲ ၃ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်နေတာ လနဲ့ချီကြာမြင့်လာပြီ ဖြစ်ပါတယ်။
Read More

မြန်မာ့ပြည်တွင်းစစ်ထဲမှာ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လို ဖျက်ဆီးခံနေရသလဲ

ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။ 
Read More

ပြည်သူလူထု၏ လမ်းညွှန်မှုဖြင့် စုဖွဲ့ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု

လက်ရှိမှာ တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ စုဖွဲ့ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance-SRA) ဟာ ပြည်သူတွေရဲ့ တိုက်တွန်းလမ်းညွှန်မှုတွေကြောင့် စုဖွဲ့နိုင်ခဲ့တာဖြစ်တယ်လို့ SRA ထဲမှာ ပါဝင်တဲ့ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဒုဥက္ကဌ (၁) ကိုမင်းဟန်ထက်က မောင်းကို ပြောပါတယ်။