အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရောက် မြန်မာလူမျိုးတွေက လက်ရှိ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

တရုတ်ကိုယ်စားလှယ်ရုံးရှေ့မှာ  မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့က နွေဦးတော်လှန်ရေးကို နည်းမျိုးစုံနဲ့ နှောင့်ယှက် ဟန့်တားနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲအတွင်း “ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ” ၊ “တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်မယ်”၊ “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အမေရိကန်ရောက် မြန်မာတွေ စုရုံးပြီး တရုတ်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်ရဲ့ စစ်ကောင်စီအပေါ် လက်ခံအသိအမှတ်ပြုမှုအပေါ် ပြည်ပရောက် မြန်မာတွေက မြို့ကြီးတွေမှာ ဆန့်ကျင်ကန့်ကွက်မှုတွေ ဆက်တိုက်လုပ်ဆောင်မယ့် အစီအစဉ်တွေလည်း ရှိနေပါတယ်။

 

(ဓာတ်ပုံ KyawSoe Latt)

0 Shares:
You May Also Like
Read More

နမ္မတူမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီး‌ကျောင်း‌ဆောင် (၄) ဆောင် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း‌ဆောင် (၄)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းမြို့နယ် ပကဖ ဆေးတပ်ဖွဲ့က စစ်ဘေးရှောင်ပြည်သူနှင့် စာသင်ကျောင်းတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ​တွေနဲ့ စာသင်ကျောင်း​တွေကို မင်းကင်းမြို့နယ် ပကဖ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ကျန်းမာ​ရေး ​စောင့်​ရှောက်မှု​ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတွေကို ကြီးကြပ်ဖို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်မည်

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းမယ့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီမှာ စစ်ကောင်စီရဲ့  ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထောင်ချထားသည့် ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ (ခ) ဦးဇာနည်အောင် ထောင်တွင်း ရရှိသည့် ရောဂါများဖြင့် ပျံလွန်… ၂၀၂၅ ခုနှစ်အတွင်း ကျန်းမာရေးအခြေအနေကြောင့် သေဆုံးရသည့် နိုင်ကျဥ်း ၁၇ ဦးအထိရှိလာ…

" သူတို့(စကစ)ကတော့ သူတို့အာဏာတည်မြဲရေးအတွက် ဆန့်ကျင်တဲ့ဘယ်လို ရဟန်းရှင်လူပြည်သူတွေမဆို အခုလို ဖမ်းဆီးခြင်း၊ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ထောင်ထဲမှာရောက်သွားရင်လည်း ဆေးကုသခွင့်ကောင်းကောင်းမပေးတာတွေလုပ်တယ်။ ဒါတွေက ရှေ့မှာရောအခုရော နောက်လည်းပဲဆက်ရှိနေဦးမှာပါပဲ။ ဒါကြောင့်မို့ NUG အစိုးရအပါဝင် လူအား၊ မူအားဖြင့်ဖြစ်စေ ပြုပြင်ပြောင်းလဲသင့်သူတွေ ပြောင်းလဲပြီး မဟာမိတ်တွေနဲ့စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့လက်တွဲပြီး စစ်အနိုင်တိုက်ရေးကို ဦးတည်ဆောင်ရွက်ကြပါ"လို့ ဦးဓမ္မမေတ္တာ (သံဃသမဂ္ဂ-မန္တလေး)က မောင်းကိုမိန့်ပါတယ်။
Read More

မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်တစ်ဦး ကျဆုံး

" လူကြီးရောဂါနဲ့ ကွယ်လွန်တာပါ ။ တော်လှန်ရေးနယ်မြေတစ်နေရာမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တွန်းလှန်နေတုန်း ကွယ်လွန်သွားတာဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ မြင့်မြတ်စွာ ကျဆုံးသည်လို့ ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်" လို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဒေါက်တာ ရဲ ကမောင်း ကိုပြောပါတယ် ။