စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးရဲ့ လူ့အခွင့်အရေးကောင်စီ အထွေထွေအစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုအနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆယ်စုနှစ်များစွာ အကျိုးခံစားလာပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ဥပဒေရှေ့မှောက်မှာ ချွင်းချက်မရှိ တာဝန်ခံမှုရှိစေဖို့ လိုအပ်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

လူမဆန်တဲ့ စစ်အုပ်စုထံ လက်နက်တွေနဲ့ အထောက်အပံ့တွေ ဆက်လက် ပေးအပ်နေတဲ့ နိုင်ငံတွေဟာ ကြောက်လန့်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခွင့်ပြုရုံသာမက အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှုကိုပါ တိုက်ရိုက် ပါဝင်အားဖြည့် ပေးနေခြင်းဖြစ်တယ်လို့ သံအမတ်ကြီးက ထောက်ပြပြောဆိုပါတယ်။

စစ်ကောင်စီထံ လက်နက်၊ ခဲယမ်းနဲ့ လေယာဉ်ဆီ၊ ငွေကြေး စတဲ့ ထောက်ပံ့မှုတွေကို ဖြတ်တောက်ခြင်းအားဖြင့် ပြည်သူတွေကို ကာကွယ်စောင့်ရှောက်မှုပေးအပ်ရာ ရောက်တယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်း အားထုတ်မှုတွေအတွက် အကူအညီဖြစ်စေရုံသာမက အပြစ်မဲ့ပြည်သူလူထုရဲ့ အသက်တွေကို ကယ်တင်ပေးရေးအတွက် အကူအညီဖြစ်စေမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီတို့အနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုသာမက မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရာမှာ ပိုမို လုပ်ဆောင်ဖို့ လိုအပ်ပြီလို့ သံအမတ်ကြီးက အလေးအနက်တိုက်တွန်းပြောဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြ

“China! Get out of Our Country, Burma” မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြခေါင်းစဉ်နဲ့ ဆန္ဒပြပွဲကို Free Burma Action Committee - Northern California က ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြား

မြန်မာပြည်သူတွေအ‌ပေါ် စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေပြီး တဖက်မှာလည်း အတုအယောင် ရွေးကောက်ပွဲကို စီစဥ်ကာ ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံတွင် တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှု ပြိုလဲသွားပြီဟု ကုလ ထုတ်ပြန်

မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာ ဒီနေ့အချိန်မှာ တရားစီရင်ရေးစနစ်အပေါ် လုံးဝယုံကြည်မှု မရှိတော့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmar က ဒီနေ့ အောာက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်လိုက်လာပါတယ်။
Read More

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဝေဖန်ရေးပို့စ်များတွင် “Like” (သို့) “Heart” reaction ပေးခြင်းကိုပင် သိမ်ငယ်စိတ်ဖြင့် စိတ်ပေါ့သွပ်သူကဲ့သို့ ထိန်းချုပ်ဖမ်းဆီးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆတ်ဆတ်ထိမခံ ဖြစ်နေကာ အမှန်တရားကို လက်မခံနိုင်ဘဲ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို စိတ်ပေါ့သွပ်သူတစ်ယောက်ကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။