ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ – သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ သံတောင်ကြီး ၁၃ မိုင်ကနေ ပျားစခန်းကျေးရွာကို လမ်းကင်းယူဖို့လာတဲ့ စစ်ကောင်စီတပ်တွေကို KNLA တပ်မဟာ ၂ တပ်ရင်း (၅) နဲ့ ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက် ဒါဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ ညနေ ပိုင်းမှာပဲ တောင်ငူမြို့ကနေ သံတောင်ကြီးဘု‌ရင့်နောင်တပ်ကို တပ်ရင်းမှူးသင်တန်းတက်ရောက်ဖို့ ထွက်ခွာလာတဲ့ ၁၂ စီးပါအကြမ်းဖက်ယာဥ်တန်းကို ၆မိုင်ရွာ အရောက်မှာ တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းက ထပ်မံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၅ ရက်ကလည်း ဘုရင့်နောင်တပ်ကနေ သင်တန်းဆင်း ပြန်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ၆ မိုင်ရွာအနီးမှာပဲ တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းက ထပ်မံဆီးကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေမှာလည်း အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိတယ်လို့ Thawthikho အဖွဲ့ဆီက သိရပါတယ်။
ပုံစာ – KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho ရဲဘော်များ
0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ် တောင်ကျရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံး (၅) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် ၁၄ တပ်ရင်း၏ အပတ်စဥ် (၆) စစ်သင်တန်းဆင်းပွဲနှင့် ၄ နှစ်ပြည့် မွေးနေ့အခမ်းအနား၊ ၄ နှစ်တာအတွင်း ကျဆုံးအာဇာနည်ရဲဘော် ၁၃ ဦး ရှိခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၁၄ တပ်ရင်းရဲ့ အပတ်စဥ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်း ၄ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

ဂွမြို့မှာ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေ…

ရခိုင်ပြည်နယ်၊ ဂွမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဧရာဝတီတိုင်းအစပ်ကပါ သေနတ်သံနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေပါ ကြားနေရတယ်လို့ ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

မင်းတပ်နဲ့ ဖလမ်း မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ အညံ့ခံ၊ တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ချင်းပြည်နယ်မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံပြီး စစ်တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။