စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
နိုဝင်ဘာ ၈ရက်၊ မနေ့က မနက်ပိုင်းမှာ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက ဘအင်းသရက်တောရွာကို စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၁၂၀ လောက်က ဝင်ရောက် မီးရှို့ဖျက်ဆီးရင်း အပြစ်မဲ့ပြည်သူအမျိုးသား၂ယောက်ကို သတ်ဖြတ်ထားခဲ့တယ်လို့ သိရတာပါ။
ဒါ့အပြင်အမျိုးသမီး ၁ယောက်နဲ့ အမျိုးသား၂ယောက်ကိုလည်း အကြမ်းဖက်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းကတည်းက ကန့်ဘလူ၆၀၀၆ တင့်ကားတပ်ရင်း(တကရ) ကနေ ကျွန်းလှမြို့ဆီ တုန်ဖုန်းကား၂စီးနဲ့ရောက်ရှိလာခဲ့တဲ့ စစ်ကောင်စီတပ်တွေက မြို့ခံပျူစောထီးတွေနဲ့ ပူးပေါင်းကာ နိုဝင်ဘာလ ၈ ရက်၊ မနေ့က မနက်အစောပိုင်းမှာ ကျွန်းလှမြို့ကနေ ထွက်ခွာလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အထက်ပါ စစ်ကြောင်းဟာအင်အား ၁၂၀ နီးပါးနဲ့ ပေကုန်းရွာ၊ ကံပေါက်တောကျောင်းတို့ကတဆင့် ဘအင်းသရက်တောရွာကို အကြမ်းဖက်ဝင်ရောက်ပြီး မီးရှို့ခဲ့တာလည်းဖြစ်ပါတယ်
ဘအင်းသရက်တောရွာ မီးရှို့ခံရမှုနဲ့ပတ်သက်ပြီးပျက်စီးဆုံးရှုံးမှုကို မသိရသေးပေမယ့်၊ အဆိုပါစစ်ကြောင်းက အရပ်သား၃ယောက်ကိုဖမ်းဆီးပြီး အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ကျွန်းလှမြို့ထဲကနေ ပြန်ပြီးဆုတ်ခွာသွားပြီလို့လည်း သိရပါတယ်။
ကျွန်းလှမြို့နယ်ထဲက တောင်ယာဆိပ်အုပ်စုမှာပါဝင်တဲ့ ဘအင်းသရက်တော၊ မြင်သာဦး၊ အောင်ရန်ကင်း ၊ တောင်ယာဆိပ်စတဲ့ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာအုပ်စုကို ပြီးခဲ့တဲ့နှစ် (၂၀၂၃ ၊ ဇန်နဝါရီ)တုန်းက အကြမ်းဖက်စစ်ကြောင်းက မီးဝင်ရှို့ခဲ့ဖူးပြီး နေအိမ် ၁၂၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရသေးတယ်လို့လည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
ကျွန်းလှမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန့်ဘလူမြို့နယ်အတွင်းမှာလည်း ၆၀၀၆ တင့်ကားတပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံရတဲ့အရပ်သား ၁၂၂ယောက်အထိရှိပြီး ပြည်သူ့စစ်ဖွဲ့ခံရမယ့် အန္တရယ်ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
မကြာခဏထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ကန့်ဘလူခရိုင်ထဲမှာ သဃ်န်းဝတ်ဝါသဝနဲ့ စစ်အုပ်စုတွေက ပြည်သူ့စစ်အင်အားကိုတိုးချဲ့နေပြီး အခုလိုအရပ်သားကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ သတ်ဖြတ်ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ပုံစာ- ကျွန်းလှ၊ ကန့်ဘလူမှာ လှုပ်ရှားနေတဲ့ ဝါသဝဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုများ
0 Shares:
You May Also Like
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအပါ ၄ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိ (၁) ယောက်အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းစခန်းသိမ်းတိုက်ပွဲအတွင်း လွိုင်ကော် PDF မှ ၂၁ နှစ်အရွယ် ရဲဘော် ၁ ဦးကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ဒေးဗစ် (ခ) နေဝင်းရဲ့ ဈာပနအခမ်းအနားကို ဇွန်လ ၂၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) - Loikaw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖမ်းဆီးရမိထားသည့် ပျူစောထီး ထွက်ပြေးရာ ပြန်လည်ဖမ်းဆီးမှုကို လက်မခံသောကြောင့် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းနက်ကုန်းအုပ်စု၊ ရွှေပန်းတောကျေးရွာနေ စစ်တပ်သတင်းပေး ပျူစောထီး မြင့်လွင်ကို ဖမ်းဆီးရမိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းမှာ ထိန်းသိမ်းထားချိန် ထွက်ပြေးရာ ပြန်ဖမ်းတာကို လက်မခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်ကို စစ်တပ်ဗုံးကြဲရာ ဘေးအိမ်ကိုထိပြီး ညီအစ်မ ၃ ဦးထဲမှ ၁၆ နှစ်အရွယ် မိန်းကလေး သေဆုံး၊ ၁၀ နှစ်အရွယ် အမြွှာ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။